ရီးရဲလ်ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအပေါ် ဇာဗီက ပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို နောက်ကလိုက်ကစားပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ပွဲအပေါ် ဘာစီလိုနာနည်းပြ ဇာဗီရဲ့ မှတ်ချက်စကားက အငြင်းပွားဖွယ် ကောင်းလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးမှာ မှော်ဝင်ညတညကို ဖန်တီးပြီး အံ့အားသင့်ဖွယ် Comeback နဲ့ ပြန်လာနိုင်ခဲ့တာပါ။



ပထမအကျော့မှာလည်း ၄-၃ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယအကျော့မှာလည်း မိနစ် (၉၀) အထိကို မာရက်ဇ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခံထားရပါတယ်။ ဒါပေမယ့် (၄၅) စက္ကန့်ပဲခြားတဲ့ ရိုဒရီဂိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အချိန်ပို ဆက်ကစားခွင့်ရရှိခဲ့ပါတယ်။ အချိန်ပိုမှာတော့ ဘန်ဇီမာရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၆-၅ ဂိုးနဲ့ ဗိုလ်လုပွဲတက်ခဲ့တာပါ။

ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်ရဲ့ အံ့အားသင့်ဖွယ်နိုင်ပွဲအပေါ် ဇာဗီကို မေးမြန်းခဲ့ရာမှာတော့ ဇာဗီက အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဇာဗီက “ရီးရဲလ်မက်ဒရစ်က သူတို့လုပ်ချင်တာကို ယုံကြည်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ ပေါက်ကွဲအားရှိပါတယ်”

“ဒါကိုက သူတို့ရဲ့ DNA ပါ။ ဒါပေမယ့် တခါတလေ အနိုင်ရဖို့ ထိုက်တန်တဲ့အသင်းဆိုတိုင်း အမြဲတမ်းမနိုင်ပြန်ပါဘူး။ ဘောလုံးမှာ ဒါမျိုးတွေတော့ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဇာဗီရဲ့ ဒီပြောစကားကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ရုန်းကန်နိုင်စွမ်းကို ချီးကျူးပြီးမှ အနိုင်ရဖို့ ထိုက်တန်တဲ့အသင်းက မန်စီးတီးဆိုတဲ့ သဘောမျိုးပဲဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ညာနောက်ခံလူကြီး ဒန်နီအဲလ်ဗက်စ်ကတော့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့အတူ ဘရာဇီးသား ရိုဒရီဂိုကိုလည်း မန်စီးတီးကို အနိုင်ယူခဲ့တဲ့ပွဲနဲ့ပတ်သက်လို့ ချီးကျူးစကားပြောကြားခဲ့ပါသေးတယ်။  

Share

Loading Next Article...
က္က