ဂရင်းဝုဒ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အသင်းခြေစွမ်းက အားရစရာမရှိဘဲ ဆိုးလ်ရှားရဲ့ နည်းဗျူဟာတွေကလည်း တော်တော်လေးဆိုးရွားနေခဲ့ကာ တစ်ပွဲလုံးမှာ ပရိသတ်ကို သောကတွေသာပေးနေခဲ့ပါတယ်။ 


ယူနိုက်တက်ကတော့ ဂရင်းဝုဒ်ရဲ့ သွင်းဂိုးကြောင့် တလုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့လို့ အသက်ရှူချောင်ခဲ့ပေမယ့်လည်း ခြေစွမ်းကတော့ ပရိသတ်တွေကို တော်တော်လေးစိတ်ပျက်စေခဲ့ပါတယ်။ ဗာရာနီနဲ့ ဆန်ချိုတို့ ပါဝင်လာခဲ့ပေမယ့်လည်း အသင်းခြေစွမ်းက အားရစရာမရှိဘဲ ဆိုးလ်ရှားရဲ့ နည်းဗျူဟာတွေကလည်း တော်တော်လေးဆိုးရွားနေခဲ့ကာ တစ်ပွဲလုံးမှာ ပရိသတ်ကို သောကတွေသာပေးနေခဲ့ပါတယ်။ 

အမှန်တကယ်အနိုင်ရသင့်တဲ့အသင်းက ဝုလ်ဖြစ်ပြီး ဂီုးသွင်းမသေချာမှုတွေကြောင့်သာ အိမ်ကွင်းမှာ ရလဒ်မကောင်းဖြစ်ခဲ့ရတာပါ။ ဒီဂီယာရဲ့ အံ့မခန်းကာကွယ်မှုတွေသာ မရှိခဲ့ရင် ယူနိုက်တက်တို့ ရှုံးပွဲကြုံတွေ့ရမှာ သေချာပြီး ဝုလ်အတွက်တော့ ကံဆိုးခဲ့ရပါတယ်။ တစ်ပွဲလုံးမှာ ထရာအိုယေး၊ ထရန်ကာအိုတို့က ယူနိုက်တက်ကို အခက်တွေ့စေခဲ့ပြီး တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပါတယ်။ 

ဖရက်ဒ်ကတော့ အဆိုးရွားဆုံးခြေစွမ်းကိုပြသနေခဲ့ပြီး အိပ်ယာကထဖို့တောင်မှ ဖာဒီနန်က တွစ်တာကနေ ပြောရတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဆိုးလ်ရှားက ဒါကိုထိုင်ကြည့်နေခဲ့ပြီး တိုက်စစ်ပိုင်းကိုသာ အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။ ကံကောင်းခဲ့တာကတော့ မိနစ် ၈၀ မှာ ဂရင်းဝုဒ်ရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ယူနိုက်တက်တို့ အနိုင်ဂိုးရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ 

ရွိုင်ကိန်းကလည်း ဒီပွဲကို ရော်နယ်ဒိုမကြည့်ပါစေနဲ့လို့တောင် ပြောဆိုခဲ့ပြီး ကြည့်မိခဲ့ရင် စိတ်ပြောင်းသွားနိုင်တယ်လို့ အသင်းဟောင်းခြေစွမ်းကို ပယ်ပယ်နယ်နယ်ဝေဖန်ခဲ့ပါတယ်။ အမှန်တကယ်လည်း စိတ်ဓာတ်ကျစရာ၊ စိတ်ပျက်စရာဖြစ်ပြီး ကမ္ဘာ့အဆင့်ကစားသမားတွေ ပေါင်းစပ်ထားတဲ့ အသင်းတစ်သင်းရဲ့ ခြေစွမ်းဟာ သာမာန်အသင်းတစ်သင်းသာသာရှိခဲ့ပြီး ဆိုးလ်ရှားအပေါ် မေးခွန်းထုတ်ရဖို့သာ ရှိနေခဲ့ပါပြီ။ 

သူ့နည်းဗျူဟာတွေအောက်မှာ ဆန်ချိုလည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်နေခဲ့ရပါတယ်။ ဗာရာနီကတော့ အားကိုးရမယ့်ခြေစွမ်းကိုပြသခဲ့ပြီး ကာကွယ်မှုတချို့ပြုလုပ်ပြခဲ့ပါတယ်။ မက်ဂွိုင်းယားနဲ့ သူနဲ့တွဲဖက်မှုက တည်ငြိမ်မှုရှိခဲ့ပြီး စိတ်ချရမယ့်အနေအထားမှာလို့ ဆိုရမှာဖြစ်ပေမယ့် ကွင်းလယ်ခံစစ်ပိုင်း အားနည်းချက်က သူတို့နှစ်ယောက်ကို ထိုးနှက်မယ့် အကွက်အကွင်းအဖြစ်တော့ ရှိနေမှာသေချာပါတ်။ 

Share

Loading Next Article...
က္က