ပွဲကို ဦးဆောင်နေချိန်မှာ ပင်နယ်တီပေးခဲ့ရလို့ စောဒကတက်ရာမှာ အနီကတ် ၂ ကတ်ထိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဖူလ်ဟမ်က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် သူတို့ဟာ ကိုယ့်ကိုကိုယ်ဖျက်ဆီးပစ်ခဲ့တယ်လို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဖူလ်ဟမ်ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေအတွက် ဘာမှစိတ်မကောင်းဖြစ်နေမှာမဟုတ်ဘူးလို့လည်း ရွိုင်ကိန်းက ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။ 

ဒီပွဲမှာတော့ ဖူလ်ဟမ်ဟာ ဦးဆောင်ဂိုးသွင်းယူထားခဲ့ပြီး မိနစ် ၇၀ အထိ ပွဲကို ဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဆန်ချိုရဲ့ ကန်ချက်ကို ဝီလီယံက ဂိုးပေါက်၀ကနေ လက်နဲ့တားဆီးခဲ့တယ်လို့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ ဆုံးဖြတ်ခဲ့ပြီး အနီကတ်ပြခဲ့သလို ပင်နယ်တီလည်းပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုမကျေနပ်လို့ စောဒကတက်ခဲ့တဲ့ ဖူလ်ဟမ်နည်းပြမားကို့ဆေးလ်ဗားနဲ့ တိုက်စစ်မှူးမီထရိုဗစ်တို့ကိုလည်း တိုက်ရိုက်အနီကတ်တွေ ပြသသွားခဲ့ပါတယ်။ 

ကစားသမား ၂ ဦးအထိ အထုတ်ခံရပြီးနောက်မှာ ဖူလ်ဟမ်တို့ ဘာမှမတတ်နိုင်တော့ဘူး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုသွားခဲ့ရပြိး ၃-၁ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲကတော့ တော်တော်လေးကို ဒရာမာဆန်ခဲ့ပြီး ဒီလိုတွေဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့ချိန်မှာ ဆန်ချိုရဲ့ ကန်သွင်းချက်ကနေ အစပြုကာ ကြီးမားတဲ့ ဖြစ်ရပ်တွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

ရွိုင်ကိန်းက "ဖူလ်ဟမ်အတွက် ကျနော်စိတ်မကောင်းမဖြစ်ပါဘူး၊ သူတို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် ပင်နယ်တီ၊ နည်းပြနဲ့ ကစားသမားတွေရဲ့ တုံ့ပြန်မှုတွေက ကိုယ့်ကိုကိုယ်ပြန်ဖျက်ဆီးခဲ့တာပါ၊ စက္ကန့် ၉၀ အတွင်းမှာ ရူးသွပ်ခဲ့တာက ဒီပွဲအတွက် ပေးဆပ်လိုက်ရတာဖြစ်ပါတယ်၊ ယူနိုက်တက်က အနိုင်ရစရာအကြောင်း ဘာမှမရှိဘူး၊ ဖူလ်ဟမ်ကိုက အရေးနိမ့်ဖို့ အကြောင်းရင်းကို ရှာခဲ့တာပါ"



"ဖူလ်ဟမ်အတွက် ကျနော့်မှာ စာနာမှုမရှိပါဘူး၊ ကျနော့်ဆီက ချီးကျူးတာလည်း သူတို့အတွက် မလိုအပ်ပါဘူး၊ သူတို့က အခွင့်အရေးတခုရခဲ့ပေမယ့် အဲဒါကို လွှင့်ပစ်ခဲ့ကြပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ သူနဲ့အတူ ပူးတွဲတင်ဆက်နေတ​ြ့ ကာရန်ကာနေးကလည်း "ဒိုင်လူကြီးကို သွားပြီးထိတွေ့လို့မရပါဘူး၊ ဒါက လုံး၀လေးစားမှုမရှိတာပါ၊ ထိတ်လန့်စရာလည်းကေင်းပါတယ်" လို့ ပြောဆိုဲ့ပါတယ်။ 

Share

Loading Next Article...
က္က