ဂိုးမပြတ်ဘဲ အနိုင်ရခဲ့လို့ ပွဲကိုအသေသတ်နိုင်ခဲ့သင့်တယ်လို့ ညည်းတွားနေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၄-၃ နဲ့ အနိုင်ရရှိခဲ့ပေမယ့် မန်စီးတီးကစားသမားဖိုဒန်ကတော့ ဂိုးပြတ်နိုင်ပွဲမရခဲ့လို့ မချင့်မရဲဖြစ်ခဲ့ရပါတယ်။ မန်စီးတီးဟာ ရီးရဲလ်ကို ၂ဂိုးပြတ်နဲ့ အကြိမ်ကြိမ်ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေပြန်ပြန်ပေးခဲ့ရကာ ဘာနေဗျူးမှာကစားရမယ့်ပွဲအတွက် ဖိအားတွေရှိသွားခဲ့ပြီး အဝေးဂိုးစည်းမျဉ်းသာပါခဲ့မယ်ဆိုရင် သူတို့အတွက် တကယ်ထိတ်လန့်စရာဖြစ်နေခဲ့ရမှာ သေချာပါတယ်။ 

ဖိုဒန်ကတော့ မနစ်ီးတီးအတွက် တတိယမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး အသင်းအတွက်ခြေစွမ်းပြကစားပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးက ကစားကွက်အရလည်း လွှမ်းမိုးထားနိုင်ခဲ့ပြီး ၂ ဂိုးပြတ်နဲ့သာ အနိုင်ရခဲ့မယ်ဆိုရင် နောက်တကျော့အတွက် အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့မှာဖြစ်ပေမယ့် ပင်နယ်တီပေးခဲ့ရလို့ ၄-၃ ဖြစ်သွားခဲ့ကာ ဒုတိယအကျော့က တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။ 

ဖိုဒန်က "ကျနော်တို့ အစောပိုင်းကစားပုံအရမ်းကောင်းခဲ့ပြီး သူတို့ကို အသေသတ်ပစ်နိုင်ခဲ့သင့်တာပါ၊ ဒီလိုပွဲမျိုးတွေမှာ ကျနော်တို့ ပိုပြီးအခွင့်အရေးယူနိုင်ဖို့လိုပါတယ်၊ ချန်ပီယံလိဂ်ဖလားကို အကြိမ်ပေါင်းများစွာရဖူးတဲ့အသင်းနဲ့ ကျနော်တို့ ရင်ဆိုင်ခဲ့ရတာပါ၊ ကျနော်တို့ ဘောလုံးကို အဝေးကြီးတွေပေးနေမယ်ဆိုရင် ကျနော်တို့ကို သူတို့က အပြစ်ပေးသွားလိမ့်မယ်၊ ဒုတိယအကျော့မှာ ကျနော်တို့ တခုခုလုပ်ပြနိုင်ဖို့ လိုအပ်သွားပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။ 

မန်စီးတီးအတွက် တဂိုးသွင်းယူပေးပြီး အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားကလည်း "ပထမဆုံး မိနစ် ၂၀ မှာ ကျနော်တို့ အရမ်းကောင်းခဲ့တယ်၊ ကျနော်တို့ပုံစံအတိုင်း Press လုပ်နိုင်ခဲ့ပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ရခဲ့တာပါ၊ မိနစ် ၉၀ အပြီးမှာ ဒီထက်ကောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သင့်တာပါ၊ ကံဆိုးစွာနဲ့ ၂ ဂိုးအသာမရခဲ့လိုက်ဘူး"

"ဒါက ချန်ပီယံလိဂ်ပါ၊ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ကစားနေခဲ့ရတာဖြစ်ပြီး နောက်ပွဲမှာ ကြိုးစားရပါဦးမယ်၊ နောက်ထပ် မိနစ် ၉၀ ကျန်ပါသေးတယ်၊ ကျနော်တို့ အရမ်းကောင်းတဲ့ပွဲတပွဲကို ကစားနိုင်ခဲ့ပြီး ပင်နယ်တီပေး၇တာကတော့ ဒေါသထွက်ဖို့ကောင်းခဲ့ပါတယ်၊ အဲဒီအချိန်မှာပွဲကို ကျနော်တို့ ထိန်းချုပ်ထားပြီးနေပါပြီ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က