ကရူးစ်က နောက်ပြောင်နိုင်သေးတာပါ။

ရီးရဲလ်မက်ဒရစ် အသင်းဖော် လူးကပ်စ်ဗက်ဇ်ကေးက တိုနီကရူးစ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်ကို ရှဲကာ ဆဲရေးတိုင်းထွာခဲ့ကြောင်း သိရှိရပါတယ်။ တိုနီကရူးစ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမှာဖြစ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။



တိုနီကရူးစ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ဆုံးပွဲကို ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကစားပေးသွားမှာပါ။ အဲ့ဒီနောက် ယူရိုပြိုင်ပွဲက တိုနီကရူးစ်အတွက် ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်လာဖို့ရှိပြီး ရီးရဲလ်ကစားသမားတွေ၊ ပရိသတ်တွေ၊ အသင်းဖော်ဟောင်းတွေက တိုနီကရူးစ်ကို ဆိုရှယ်မီဒီယာပေါ်မှာ နှုတ်ဆက် ဂုဏ်ပြုနေတာပါ။


ဒါပေမယ့် ဗက်ဇ်ကေးကတော့ ထူးထူးဆန်းဆန်းကို လုပ်ခဲ့တာဖြစ်ပါတယ်။ တိုနီကရူးစ်ကလည်း ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်နေခဲ့ပြီး “အခုတော့ ငါက ရေပန်းအစားဆုံးဖြစ်နေပြီမလား” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဗက်ဇ်ကေးက တိုနီကရူးစ်ရဲ့ အဆိုပါပို့စ်ကို F စာလုံး အသုံးပြုကာ ဆဲရေးတိုင်းထွာခဲ့တာပါ။

ဒါကတော့ ကစားသမားနှစ်ယောက်အကြား ခင်မင်ရင်းနှီးမှုနဲ့ အသုံးပြုခဲ့တာသာဖြစ်ပြီး ရီးရဲလ်ကစားသမားတွေဟာ တိုနီကရူးစ် အနားယူမယ့်သတင်းအပေါ် စိတ်ထိခိုက်နေကြပါတယ်။ ဗယ်လ်ဗာဒီဆိုရင် ငိုကြွေးနေတယ်လို့တောင် သူ့ရဲ့ဇနီးသည်က ပြောကြားထားတာပါ။

တိုနီကရူးစ်ဟာ (၂၀၁၄) ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့လို အဓိကပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲခဲ့သူပါ။ ဂျာမနီအတွက်လည်း ပြန်ကစားပေးတာ မကြာသေးပေမယ့် အခုလိုမျိုးပဲ မြန်မြန်ဆန်ဆန်နဲ့ အနားယူတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က