အီးယူဉာဏမူပိုင်ခွင့်ရုံးမှာ တင်ခဲ့တာပါ။

Google ရဲ့ Android လိုင်စင် ရုပ်သိမ်းခံရပြီးနောက်Huawei ဟာ ကိုယ်ပိုင် OS စနစ်ကို သုံးသွားမယ်လို့သတင်းတွေ ထွက်ထားပြီး အခုဆို မူပိုင်ခွင့်ပါ မှတ်ပုံတင်ထားတယ်လို့ဆိုပါတယ်။


         မေလ ၂၄ ရက်နေ့က ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ရုံး EUIPO မှာ Huawei ကနေ တင်ထားတဲ့ မူပိုင်ခွင့်အရ ကုမ္ပဏီဟာ HUAWEI ARK OS, HUAWEI ARK, ARK နဲ့ARK OS ဆိုပြီး မှတ်ပုံတင်ထားတာ ဖြစ်တယ်လို့Android Head Lines သတင်မှာ ဖော်ပြထားပါတယ်။ ဒီ Trademarks တွေကို ကြည့်ပြီး Android နေရာမှာ အစားထိုးမယ့် Huawei ရဲ့ ကိုယ်ပိုင် OS လို့အတည်မပြုနိုင်သေးပေမယ့် အတော်လေး နီးစပ်တယ်လို့ဆိုနိုင်ပါတယ်။



Photo: tamindir

         EUIPO မှာ Huawei မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေကို အသေးစိတ်မသိရသေးသလို ဘယ်လို ထုတ်ကုန်တွေမှာ ဒီ OS ကို သုံးနိုင်မလဲဆိုတာ မသိရသေးပါဘူး။ လောလောဆယ် ကြားသိထားတာကတော့ Huawei ရဲ့ ကိုယ်ပိုင် OS နာမည်ဟာ Hongmeng လို့ခေါ်နေကြပြီး မိုဘိုင်းလ် နဲ့PC OS ပေါ်မှာ အလုပ်လုပ်နိုင်မယ်လို့ဆိုပါတယ်။

         ပြီးခဲ့တဲ့ နှစ်ကာလများအတွင်းမှာ Google ရဲ့ Android OS ကို ယှဉ်ပြိုင်ဖို့Microsoft Windows Phone ၊ BlackBerry OS ၊ Sailfish OS နဲ့Samsung Tizen OS တို့ထွက်ခဲ့ပေမယ့် Android နဲ့iOS တို့အတွက် ပြိုင်ဘက်ကောင်း မဖြစ်ခဲ့ပါဘူး။ ဒီ OS တွေ လူကြိုက်နည်းတဲ့ အချက်တွေထဲက တစ်ခုက app တွေ ရှားပါးတာကြောင့်ပါ။ Huawei အနေနဲ့တရုတ်နိုင်ငံပြင်ပမှာ ဒီ OS သစ်ကို ဖြန့်တော့မယ်ဆိုရင်လည်း အရေးကြီးတဲ့ apps တွေ support ပေးဖို့လိုအပ်နေပါတယ်။

Photo: El Androide Libre

         Huawei ရဲ့ တည်ထောင်သူ ရန်ဇီဖိန်းကတော့ ဒီ OS သစ်ဟာ လက်ရှိ Andorid apps တွေနဲ့လည်း အလုပ်လုပ်နိုင်မယ့် စနစ် ဖြစ်ပြီး စမတ်ဖုန်း ၊ PC ကွန်ပျူတာ ၊ တက်ဘလက် ၊ တီဗွီ ၊ ကားနဲ့Wearable ထုတ်ကုန်တွေမှာ သုံးနိုင်မယ်လို့ပြောထားပါတယ်။ open platform အနေနဲ့ထွက်လာမှာ ဖြစ်လို့ဒီ OS ဟာ developers တွေ ဝင်ပြီး အပြန်အလှန် ပါဝင်ရေးဆွဲနိုင်မယ်လို့လည်း ဆိုပါတယ်။

         Huawei ရဲ့ OS သစ်ဟာ Android ထက် ၆၀% ပိုမြန်မပြီး လာမယ့် အောက်တိုဘာလထဲမှာ download ဆွဲနိုင်မယ်လို့လည်း Huawei CEO နဲ့တည်ထောင်သူ ရန်ဇီဖိန်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး Digital Phablet သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က