beta အနေနဲ့ပဲ ထွက်သေးတာ ဖြစ်ပါတယ်

     Google Pixel ဖုန်းတွေမှာ beta ဗားရှင်းအနေနဲ့ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ Android Q ကို ပထမဆုံး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီမိုဘိုင်းလ် OS သစ်မှာ ဘာတွေ အပြောင်းအလဲ လုပ်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။

         အခုချိန်မှာ beta ဗားရှင်းပဲ ရှိသေးတာ ဖြစ်လို့Andriod Q ရဲ့ အခု features တွေထဲမှာ အသစ်ထပ်တိုးတာတွေရှိသလို ဒီထဲကနေ ပြန်ဖြုတ်ချမယ့် features တွေလည်း ရှိမှာပါ။ Android Q beta ဗားရှင်းမှာ အသစ်ထည့်လာတဲ့ features တွေထဲမှာ ဒီ feature တွေကတော့ တကယ့်ကို အသစ်တွေလို့ပြောနိုင်ပါတယ်။

(၁) QR Code နဲ့Wifi share နိုင်ခြင်း

Photo: CNET

         Android Q မှာ စိတ်ဝင်စားဖို့ကောင်းတာက ကိုယ့်ရဲ့ WiFi ထဲ ဝင်ဖို့QR Code တစ်ခု ဖန်တီးလို့ရမယ့် featureသစ် ပါလာပြီး ဒီ WiFi ကို တစ်ယောက်ယောက်ကို ပေးသုံးရာမှာ password မလိုတော့ဘဲ QR code ကို scan ဖတ်တာနဲ့WiFi ကို တိုက်ရိုက်ချိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်။

(၂) Undo App Removal

Photo: CNET

         တကယ်လို့ကိုယ့်ရဲ့ ဖုန်းထဲက app တစ်ခုကို မတော်တဆ ဖျက်မိပြီဆိုတာကို သိသိချင်း undo ပြန်လုပ်ပြီး ဒီ app ကို ပြန်ဆယ်နိုင်မယ့် စနစ် Android Q မှာ ပါဝင်လာပါတယ်။

(၃) Location Control

Photo: CNET

         Android Q မှာ GPS ဖွင့်ဖို့လိုတဲ့ app အတွက်ပဲ ဖုန်း location ဖွင့်ပေးမယ့် စနစ် ပါလာပါတယ်။ အရင်ကတော့ GPS ကို လုံးလုံးဖွင့်တာနဲ့မဖွင့်ဘဲ ပိတ်ထားတာပဲ ပါဝင်ခဲ့တာပါ။ Android Q မှာ GPS အတွက် app တစ်ခုချင်းစီမှာ ဖွင့်မယ် ၊ မဖွင့်ဘူး option သီးသန့်ပါလာပြီ ဖြစ်ပါတယ်။

(၄) Privacy Settings

         Google ရဲ့ Android Q မှာ သုံးစွဲသူတွေအတွက် privacy နဲ့လုံခြုံရေး features သစ်တွေ ထည့်လာပြီ ဖြစ်ပါတယ်။ Settings App ထဲမှာ ပါတဲ့ Privacy Section သက်သက်ပါလာပြီး ဒါကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် ဘယ် apps တွေကို permission ပေးထားတယ် ဆိုတာ ပြပေးနေမှာပါ။

(၅) Notification Controlsသစ်

Photo: CNET

         Noti အသစ်အနေနဲ့ဖုန်း noti တွေကို Block လုပ်မလား ၊ Show Silent လုပ်မလား ၊ ဆက်ပြီးပဲ Keep Alerting လုပ်မလားဆိုတာ ရွေးလို့ရမှာ ဖြစ်ပါတယ်။ သုံးမယ့် user အနေနဲ့alert ကို Long-press လုပ်ပြီး ကြာကြာဖိတာနဲ့notification ကို ဘယ်လို control လုပ်ချင်လဲ ရွေးလို့ရတော့မှာပါ။

         အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Android Q ဟာ Google Pixel ဖုန်းတွေမှာပဲ beta version အဖြစ် ထွက်ထားတာ ဖြစ်ပြီး official version မှာတော့ ဒီ features တွေအပြင် နောက်ထပ် စိတ်ဝင်စားစရာ features သစ်တွေလည်း ထပ်ပြီး ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က