ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

ဖာနန်ဒို လော်ရန်တေးဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုနေပြီး ယင်းရဲ့လက်ရှိကျန်သေးတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်အထိ စပါးအသင်းမှာ ဆက်လက်ရှိနေဖို့ ထိုက်တန်ကြောင်း သက်သေပြသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လော်ရန်တေးဟာ စပါးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် အနားယူနေရတဲ့အချိန်မှာ စပါးအသင်းရဲ့ နောက်ဆုံး ၄ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ချယ်ဆီးနဲ့ လိဂ်ဖလားပွဲစဉ်၊ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တို့မှာ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

လော်ရန်တေးဟာ ယခုလအစောပိုင်းတုန်းကလည်း အက်ဖ်အေဖလားပွဲစဉ်အဖြစ် ထရမ်းမီးယားရိုဗာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပဲွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့သူဖြစ်ပြီး နည်းပြပေါ့ချက်တီနိုအနေနဲ့ ၎င်းဟာ စပါးအသင်းလူစာရင်းအတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရဖို့ မျှော်လင့်နေပါတယ်။

talkSPORT ရဲ့ဖော်ပြချက်အရ တရုတ်နဲ့ တူရကီက အသင်းတွေအပြင် ဂလာတာဆာရေးအသင်းကပါ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လော်ရန်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး လော်ရန်တေးက ၎င်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့အရည်အသွေးရှိသေးကြောင်း ယုံကြည်နေတာပါတယ်။

လော်ရန်တေးဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စပါးအသင်းကသာ စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့မယ်ဆိုရင် ပြောင်းရွှေ့လိုတဲ့နေရာအတွက် လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က