ဘဝအမောပြေလေးတွေတဲ့။

သက်မွန်မြင့်ဟာ သားနဲ့သမီးလေးတွေကို ကြည့်ပြီး ချစ်မဝဖြစ်လို့နေပါတယ်။ တစ်နေ့တစ်နေ့ သူတို့လေးတွေနဲ့ အချိန်ကုန်လို့ကုန်မှန်း မသိခဲ့ဘူးလို့ ဆိုပါတယ်။

Photo : သက်မွန်မြင့် FB



သရုပ်ဆောင် သက်မွန်မြင့်ဟာ သားလေးအားချစ်က သမီးလေးကို စာသင်ပေးနေတာလေးကို ကြည့်ပြီး ချစ်မဝဖြစ်လို့နေတာပါ။ သူတို့လေးတွေနဲ့ တစ်နေ့တစ်နေ့ အချိန်တွေ ဘယ်လိုကုန်လို့ ကုန်မှန်းတောင် မသိဘူးဆိုပြီး ပြောထားပါသေးတယ်။

အမေတစ်ယောက်ရဲ့ဘဝကို လှပစေသူ ကျေနပ်စေသူ အသဲလေးတွေ ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိဘူး။ဒါလေးတွေနဲ့အချိန်ကုန်လို့ ကုန်မှန်းမသိ တကယ့်ဘဝအမောပြေလေးတွေ" ဆိုပြီး ဖေဖော်ဝါရီ(၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာတွေ့ရပါတယ်။



အဲ့ဒီစာလေးနဲ့အတူ အားချစ်က ညီမလေးကို စာသင်ပေးတဲ့ ဗီဒီယိုဖိုင်လေးကို တွဲပြီး တင်ထားတာပါ။ ကလေးလေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေ အသည်းယားလို့ နေကြပါတယ်။ မေမေ သက်မွန်မြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကလည်း သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းတို့ အပေါ်မှာလည်း အချစ်ပိုလို့နေပါတယ်။ 

သက်မွန်မြင့်ဟာ ချစ်စရာကောင်းတဲ့ သားကြီး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေတို့ကို ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။ အားချစ်ကတော့ အခုချိန်မှာ မူကြိုတက်တဲ့ အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ သမီးငယ်လေး လဝန်းမေ ကတော့ အသက် ၂ နှစ်ရှိပြီဖြစ်ပါတယ်။ ချစ်စရာလည်းကောင်းပြီး လည်လွန်းတတ်လွန်းကြတဲ့ ကလေးလေးနှစ်ယောက်ဖြစ်ပါတယ်။

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က