နောက်ကွယ်က အဓိပ္ပာယ်အမှန်က မယုံနိုင်စရာကောင်းလောက်အောင် အလွန်အားကောင်းတဲ့ အခိုက်အတန့်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ဖို့အတွက် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ခဲ့ရတဲ့ နောက်ကွယ်က အဓိပ္ပာယ်အမှန်က မယုံနိုင်စရာကောင်းလောက်အောင် အလွန်အားကောင်းတဲ့ အခိုက်အတန့်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ တနင်္ဂနွေနေ့ညက လူဆေးလ်ကွင်းထဲက ဗိုလ်လုပွဲဟာ အံ့အားသင့်ဖွယ် အလှည့်အပြောင်းတွေနဲ့ တသက်တာအကောင်းဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့တာ ငြင်းလို့မရနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ဒီမာရီယာတို့ဟာ အာဂျင်တီးနားအတွက် ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်အောင် ဂိုးတွေ သွင်းယူခဲ့ကြပြီး ဒုတိယပိုင်းမှာ အမ်ဘာပေက မိနစ် ၈၀ ကနေ ၈၂ မိနစ်အတွင်း ချေပဂိုး ၂ ဂိုးအထိ အံ့အားသင့်ဖွယ် ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အချိန်ပိုမှာ မက်ဆီက ၁၀၈ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အမ်ဘာပေကပဲ နောက်ထပ်တစ်ကြိမ် ပင်နယ်တီကနေတဆင့် ဟက်ထရစ်သွင်းဂိုးနဲ့အတူ ပြန်လည် ချေပသွားခဲ့ပြန်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပင်နယ်တီ အဆုံးအဖြတ်မှာ ကင်းစလေ ကိုမန်းနဲ့ ချူအာမေနီတို့ ပင်နယ်တီ လွဲချော်မှုကြောင့် အာဂျင်တီးနားက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားကိုင်မြှောက်တဲ့အခမ်းအနားမှာ တကမ္ဘာလုံးက မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်မှာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ ဆုဖလားကို ကိုင်မြှောက်ဖို့အတွက် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ခဲ့တာကြောင့် ပရိသတ်အများစုဟာ နားမလည်နိုင်ဖြစ်ခဲ့ကြတာဖြစ်ပြီး အဲဒီလို ဝတ်ဆင်ခဲ့ရတဲ့ နောက်ကွယ်က အဓိပ္ပာယ်အမှန်က တကယ်တော့ အလွန်အားကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းဆောင်းပါး ဖန်တီးသူ တာလီ ဒါးက တွစ်တာမှာ "မက်ဆီရဲ့ အနက်ရောင် ဝတ်ရုံက Beshth လို့ ခေါ်ပါတယ်။ အာရေဗျစစ်သည်တော်တွေက နိုင်ပွဲရရှိပြီးနောက်မှာ အဲဒါကို ဝတ်ဆင်ကြပါတယ်။ အဲဒီဝတ်ရုံကို တော်ဝင်မိသားစုကလည်း ဝတ်ဆင်ကြပါတယ်"

"ကာတာဘုရင်က လီယွန်နယ် မက်ဆီကို လေးစားမှု ပြသတဲ့ သင်္ကေတအဖြစ်နဲ့ ဂုဏ်ပြုခဲ့တာပါ။ မက်ဆီက အာဂျင်တီးနားနိုင်ငံအတွက် အနိုင်ရခဲ့တဲ့ စစ်သည်တော်လို့ အဓိပ္ပာယ်ရပါတယ်။ မက်ဆီက သူ့ရဲ့ အာဂျင်တီးနားရှပ်မှာလည်း ဘောလုံးဘုရင်အဖြစ်နဲ့ တော်ဝင်တွေဆီကနေ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ အဲဒါက ကဗျာဆန်ပါတယ်။ မုန်းတီးရေးသမားတွေက နားလည်မယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ဘာလို့လဲဆိုတော့ စိတ်သဘောထား သေးသိမ်သူတွေက ဘုရင်အဆင့်အတန်းမျိုး ဘယ်တုန်းကမှ ရနိုင်မှာမဟုတ်လို့ပါပဲ"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က