ပဲလေ့စ်က ဂယ်လာဂါက ချဲလ်ဆီးနဲ့ပြန်တွေ့မှာကြောင့် ကစားခွင့်မရပါဘူး။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က မနက်ဖြန်ညမှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အသင်းကနေ အငှားချထားတဲ့ ဂယ်လာဂါကို ကစားခွင့်မပေးတဲ့အပေါ် တောင်းပန်စကားပြောကြားလိုက်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အငှားချထားတဲ့ ကစားသမားဟာ မိခင်ကလပ်နဲ့ ပြန်လည်ထိပ်တိုက်တွေ့ချိန်မှာ ကစားခွင့်မရှိပါဘူး။



ဒါပေမယ့် နှစ်ဖက်အသင်းအကြား အဆင်ပြေသလို ညှိနှိုင်းပြီး ကစားခွင့်ပေးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကတော့ ဂယ်လာဂါကို မနက်ဖြန်ပွဲမှာ ဝင်ကစားခွင့်ပေးဖို့ သဘောမတူညီခဲ့ပါဘူး။ ဂယ်လာဂါဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ အဓိက ကွင်းလယ်လူတယောက်အဖြစ် ခြေစွမ်းပြနေပြီး မနက်ဖြန်ပွဲမှာ ထည့်သွင်းကစားဖို့ နည်းပြ ဗီယာရာကလည်း ဆန္ဒရှိနေပါတယ်။

ဒါပေမယ့် တူဟယ်လ်ကတော့ “ကျနော် ဂယ်လာဂါနဲ့ စကားပြောခွင့်ရခဲ့ပြီး သူစိတ်ပျက်နေတာကိုလည်း သိပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့အပတ်တွေ၊ နိုင်ငံတကာပွဲစဥ်တွေအပြီးမှာ စားသောက်ဆိုင်တခုမှာ မထင်မှတ်ဘဲ တွေ့ခဲ့ပါတယ်။ အဲ့ဒီနောက် ကျနော်တို့ စကားပြောခဲ့ပြီး ဒီအကြောင်းရောက်လာပါတယ်”

“ကျနော် သူ့ကို တောင်းပန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ ဘယ်လောက်အထိ ဒီပွဲကို ဝင်ကစားချင်တယ်ဆိုတာကို သိသလို၊ သူဘယ်လောက်ကောင်းလဲဆိုတာကိုလည်း သိပါတယ်။ သူနဲ့အတူ ရာသီကြိုကာလကို ဖြတ်သန်းခွင့်ရခဲ့တာ ကျေနပ်စရာပါ။ ကျနော်တို့က ဒီပွဲကိုလည်းနိုင်ချင်ပါတယ်။ နောက်ပြီး သူ့ကို အငှားချတည်းက စည်းမျဥ်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပြီးသားပါ”

“အဲ့ဒါကြောင့် ကျနော်တို့ ဒီစည်းမျဥ်းတွေကနေ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်ချင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အခု အက်ဖ်အေဖလားက ဒီရာသီအတွက် နောက်ဆုံးမျှော်လင့်နိုင်တဲ့ ဆုဖလားတလုံးပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲတက်ခဲ့ရင်တော့ လီဗာပူးနဲ့မန်စီးတီးနှစ်သင်းထဲက တသင်းနဲ့ ရင်ဆိုင်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က