Carcinogen ဆိုတာ ကင်ဆာ ဖြစ်စေနိုင်တဲ့ အဆိပ်တောက်ပါ ၊ များသောအားဖြင့် အစားသောက်မှာ ပါတတ်ပြီး တစ်ခါတရံ ဆေးဝါးနဲ့ အလှကုန် ပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။
ဒီလို ကျန်းမာရေးအဖို့ ဘေးဒုက္ခ ဖြစ်စေမယ့် ဓာတုပစ္စည်းတွေကို WHO က ပိတ်ပင်လေ့ရှိပြီး အခုတခါ ဖော်ပြချင်တာ Aspartame ဆိုတဲ့ ကင်ဆာဖြစ်ဖို့ အလားလာ ရှိတဲ့ Carcinogen ပါ။
Aspartame ဟာ လူလုပ် အချိုပစ္စည်း တမျိုး ဖြစ်သလို ခွင့်ပြုထားတဲ့ ပမာဏက 40 mg ကနေ 2.2 lbs လို့ 1981 မှာ နောက်ဆုံးလေ့လာခဲ့တဲ့ WHO အဆိုရ သိရပါတယ်။ ဒါကို Cancer ဖြစ်စေနိုင်တဲ့ ပစ္စည်းလို့ နာမည်တပ်မယ် (Label) လုပ်တော့ WHO အဆို ဟုတ်မဟုတ် အဆုံးဖြတ်ပေးဖို့ အုံကြွလာပါတယ်။
ဒိထဲမှာ WHO ရဲ့ ကင်ဆာ သုတေသန အေဂျင်စီ တစ်ခုဖြစ်တဲ့ IARC က Aspartame မှာ Carcinogenic Effect ရှိမရှိ လေ့လာနေပြီး FAO (Food and agriculture Organization) နဲ့ စမ်းနေပြီ ဖြစ်ကြောင်း ပြောထားပါတယ်။
သူတို့ လေ့လာတဲ့အထဲမှာ စိုးရိမ်ဖွယ် အခြေနေ ရှိမရှိ နဲ့ နေ့စဥ် ဘယ်လောက် သောက်သုံးမိရင် ဖြစ်နိုင်ချေ ရှိမရှိကို Aspartame သမိုင်း ခြေရာ ပြန်ကောက်နေကြပါပြီ။
ဘာလို့လဲဆိုတော့ အေဂျင်စီ 90 ကျော်က Safe ဖြစ်ပါတယ်လို့ ပြောထားတဲ့ Aspartame ကို Diet Coke သာမက ဒိပြင် အစားသောက်နဲ့ အဖျော်ယမကာထဲပါ ဝင်နွယ်နေတဲ့အပြင် သွားတိုက်ဆေး တချို့မှာပါ သုံးကြတယ်၊
အဲ့ဒီ ပစ္စည်းတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ဆေးလိပ်ဗူးတွေမှာ WHO ကိုယ်တိုင် မပြောခဲ့ပေမယ့် IARC လေ့လာမှုကို JFCFA က အဆုံးဖြတ် ပေးမယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ Coca Cola အနေနဲ့ တုံ့ပြန်ထားခြင်း မရှိသေးသလို IARC စစ်ဆေးတဲ့အပေါ် Pepsi နဲ့ Skittles တို့ အထူး စိုးရိမ်နေကြပြီး ၎င်းတို့ ထုတ်ကုန်တွေကိုပါ သက်ရောက် လာနိုင်ချေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အပြည်ပြည်ဆိုင်ရာ Beverage Association ကောင်စီက ဒီ Report ကို ရှုံ့ချလိုက်ပြီး သုံးစွဲသူတွေကို နားလည်မှု လွဲမှား စေနိုင်ကြောင်း ၊ Diet သောက်တာတောင် Safe မဖြစ်ဘူးလား အဲ့တော့ အချိုရည်ကိုပဲ သောက်ရမလား စသဖြင့် ဝေဖန်ထားပါတယ်။
တကယ်တော့ သကြား အစားထိုး ပစ္စည်းတွေဟာ ဝိတ်မကျပါဘူး ၊ WHO အနေနဲ့ ရှောင်ဖို့ လမ်းညွန်ထားပြီး ကျန်းမာရေးတွက် ထိခိုက်စေတဲ့ သဘောမျိုး မပါဘူး။
အခုလို ကင်ဆာ ဖြစ်စေနိုင်တဲ့ Label တပ်မယ်ဆိုရင် Aspartame သုံးတဲ့ စီးပွားရေး လုပ်ငန်းစုတွေကို ထိခိုက်နိုင်ပြီး အလားတူ ဖြစ်ရပ်မျိုး 2015 မှာ ကြုံခဲ့ဖူးတယ်လို့ IARC အဆိုရ သိရပါတယ်။
Glyphosate ခေါ် ပိုးသတ်ဆေးက ကင်ဆာ ဖြစ်စေနိုင်လို့ လေ့လာခဲ့ရာမှ ဂျာမန် အခြေစိုက် Drug & Pesticide လုပ်ငန်းစုဖြစ်တဲ့ Bayer ဟာ ပိုးသတ်ဆေး သုံးရာမှ Glyphosate ကြောင့် ကင်ဆာဖြစ်ရတယ်လို့ ပြောတဲ့ Customer တွေကို $86 သန်း 2021 မှာ လျော်ခဲ့ရပါတယ်။
Source: Fortune
Share