ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့ပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဗုဒ္ဓဟူးနေ့ညက လိုရီးရန့်အသင်းကို အရှက်ရဖွယ် ရှုံးနိမ့်မယ့်အရေးကနေ ပွတ်ကာသီကာ ရှောင်လွှဲနိုင်ခဲ့ပြီးနောက် ဆောင်းရာသီအားလပ်ရက်တွေကို လီဂူးဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၃ မှတ်အသာနဲ့ ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။

အီကာဒီရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် ပီအက်စ်ဂျီအသင်းဟာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ရရှိခဲ့တာဖြစ်ပြီး ဝါရင့်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်ကတော့ ဒုတိယပိုင်း ပွဲကစားချိန်ကုန်ဆုံးခါနီးမှာ အဝါကတ်ပြား ၂ ကြိမ် ပြသခံခဲ့ရပြီးနောက် အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရာတစြဖ်ပါတယ်။ ဆာဂျီယို ရာမို့စ်ဟာ လီဂူးဝမ်းထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ တိုက်ပွဲဝင်နေရလို့ လက်ရှိအချိန်အထိ ဘာအကျိုးသက်ရောက်မှုမှ ပြသနိုင်ခြင်းမရှိသေးပေမယ့် လိုရီးရန့်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း ဆာဂျီယို ရာမို့စ်ဟာ ပွဲကစားချိန် ၄ မိနစ်သာ ကျန်ရှိတော့ပြီး အသင်းက ချေပဂိုး ရရှိဖို့အတွက် အသည်းအသန် ကြိုးပမ်းနေရချိန်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သောမတ်စ် မိုကွန်ဒူရီက ပထမပိုင်း မိနစ် ၄၀ မှာ အိမ်ရှင် လိုရီးရန့်အတွက် ပင်နယ်တီဧရိယာအစပ်ကနေ အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းက လိုရီးရန့်ကို ပြဿနာများစွာ မပေးနိုင်ခဲ့ဘဲ ၂ သင်းစလုံးဟာ ၁၇ ကြိမ်စီ ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်ခဲ့ရာမှာ အိမ်ရှင်အသင်းက ဂိုးပေါက်ကို ၁ ကြိမ်တောင် ပိုတည့်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နာကျင်အချိန်ပိုအထိတောင် ၁-၀ နဲ့ ဦးဆောင်ခြင်းခံနေရပြီး ၁ ယောက်လျော့နဲ့လည်း ကစားနေရတာကြောင့် ရှုံးနိမ့်တော့မယ့်ပုံ ပေါ်နေခဲ့ပေမယ့် အီကာဒီက ခေါင်းတိုက်သွင်းဂိုးနဲ့ နောက်ကျ ချေပဂိုးကို သွင်းယူပေးခဲ့လို့ လီဂူးဝမ်းချန်ပီယံအနေနဲ့ အသက်ရှူချောင်သွားခဲ့တာဖြစ်ပါတယ်။

Share

က္က