မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ ဆောက်သမ်တန်နဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဝမ်းနည်းကြေကွဲနေတဲ့ ကက်စမဲရိုးကို နိုင်ပွဲရအောင်ယူပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။
ကက်စမဲရိုးရဲ့ ကားလို့စ် အယ်လ်ဗာရက်ဇ်ကို ဖျက်ထုတ်မှုကို VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ၃၄ မိနစ်မှာ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ အနီကတ်နဲ့ တိုက်ရိုက် ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းအတွက် ယခုရာသီမှာ ဒုတိယမြောက် တိုက်ရိုက်အနီကတ်ဖြစ်လာခဲ့တာဖြစ်ပြီး ကက်စမဲရိုးဟာ မန်ယူနိုက်တက်ရဲ့ လာမယ့်ပွဲစဉ် ၄ ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ကက်စမဲရိုးဟာ ကွင်းလယ်ဒိုင်က အနီကတ်ပြသခဲ့ပြီးနောက် ပွဲကစားချိန် မိနစ် ၅၀ ကျော် ကျန်ရှိသေးချိန်မှာ အသင်းကို တစ်ယောက်လျော့နဲ့ ကစားရအောင် လုပ်ခဲ့မိပြီဆိုတာကို သိရှိသွားခဲ့တာကြောင့် ဝမ်းနည်း ကြေကွဲနေခဲ့တာကို မြင်ခဲ့ရပါတယ်။ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့က အနီကတ် ပြသခြင်းခံခဲ့ရတဲ့ ကက်စမဲရိုးကို နှစ်သိမ့်ပေးခဲ့ကြပြီး ရီးရဲလ်ကြယ်ပွင့်ဟောင်းရဲ့ လက်ရွေးစင်အသင်းဖော် အန်တိုနီက လှမ်းဆွဲပြီး စကားလုံးအချို့ ပြောခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက ကက်စမဲရိုးကို “ငါ မင်းအတွက် နိုင်ပွဲရယူပေးမယ်။ ငါ ယူပေးမယ်”လို့ ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပြီး ပွဲအပြီး အဝတ်လဲခန်းထဲအဝင်မှာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းအနေနဲ့ အားနာမျက်နှာပူနေခဲ့မယ်လို့ မျှော်လင့်ရပါတယ်။