ဖီလီပိုဗစ်ကို တံတောင်နဲ့တွတ်ခဲ့တာပါ။

အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး လာကာဇက်ဟာ ယမန်နေ့ညက ဘိတ်ဘိုရီဆော့အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ၎င်းရဲ့အနီကတ်အတွက် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။



အာဆင်နယ်အသင်းဟာ လာမယ့်ဒုတိယအကျော့ပွဲစဉ်မှာ ဘိတ်ဘိုရီဆော့အသင်းကို အမ်းမရိတ်ကွင်းမှာ မဖြစ်မနေအနိုင်ယူနိုင်မှသာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်တော့မှာဖြစ်ပြီး တိုက်စစ်မှူး လာကာဇက်ကတော့ အနီကတ်ကြောင့် ယင်းပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။

လာကာဇက်ဟာ အာဆင်နယ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၂ ဂိုးအထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပြီး ၈၅ မိနစ်မှာ ဖီလီပိုဗစ်ကို တံတောင်နဲ့တွတ်ခဲ့တဲ့အတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

လာကာဇက်က ၎င်းအနေနဲ့ ခဏတာ စိတ်ဆိုးဒေါသထွက်မိခဲ့တဲ့ကိစ္စအတွက်နဲ့ အသင်းကို စိတ်ပျက်အောင်လုပ်ခဲ့မိကြောင်း ၎င်းရဲ့တွစ်တာအကောင့်ကနေတဆင့် ဝန်ခံပြောကြားခဲ့ပါတယ်

“အသင်းကို စိတ်ပျက်အောင်လုပ်မိတာက အဆိုးရွားဆုံးခံစားချက်ပါပဲ”

“ကျွန်တော် စိတ်အေးအေးထားခဲ့သင့်ပါတယ်။ ဒါပေမယ့် အဲဒါက အမြဲတမ်းမလွယ်ကူပါဘူး။ တောင်းပန်ပါတယ်”

“ကစားဖို့အတွက် နောက်ထပ် မိနစ် ၉၀ ကျန်နေပါသေးတယ်။ ကျွန်တော့််အသင်းဖော်တွေက နောက်တဆင့်တက်ရောက်နိုင်အောင် ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ ရေးသားခဲ့ပါတယယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က