ACL ဒဏ်ရာရရှိခဲ့တာပါ။

ဥရုဂွေးနဲ့ပွဲမှာ နေမာက ACL ဒဏ်ရာရရှိခဲ့တယ်လို့ သူ့ရဲ့ ကလပ်အသင်း အယ်လ်ဟီလယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် နေမာဟာ အနည်းဆုံး ၇ လအထိ အနားယူရတော့မှာဖြစ်ပြီး နောက်နှစ် နှစ်လယ်ပိုင်းမှသာ ပြန်လည်ကစားနိုင်တော့မှာပါ။ ခွဲစိတ်ကုသမှုနှစ်ကြိမ်ခန့် ပြုလုပ်ရမှာ​ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက်လည်း အချိန်ပေးရဦးမှာမို့ သူ့ကို ပရိသတ်တွေ မြင်တွေ့ရဖို့က အချိန်ကာလ ကြာမြင့်မှာ သေချာပါတယ်။ 

နေမာကိုယ်တိုင်လည်း သူ့ရဲ့ ဒဏ်ရာပြသနာအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ "ဝမ်းနည်းစရာအခိုက်အတန့်ပါပဲ။ ကျနော့်ဘ၀ရဲ့ အဆိုးရွားဆုံးအချိန်ပါ၊ ကျနော်သန်မာတယ်ဆိုတာသိပါတယ်၊ ဒါပေမယ့် ဒီတခါတော့ ကျနော့်မိသားစု၊ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုတွေ လိုအပ်ပါတယ်၊ ခွဲစိတ်မှုလုပ်ရမယ်၊ ပြီးရင်တော့ နောက် ၄ လအကြာမှာ ထပ်လုပ်ရပါမယ်၊ ကျနော့်မှာ ယုံကြည်ချက်ရှိပါတယ်၊ ဘုရားသခင်လက်ထဲ ၀ကွက်အပ်ထားပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၀ ကျော်နေပြီဖြစ်တဲ့ နေမာအတွက်တော့ အချိန်တနှစ်လောက်ကို အနားယူရင်း ကုန်ဆုံးရမှာက နှမျောစရာကောင်းလွန်းပါတယ်။ ဒဏ်ရာရလွယ်တဲ့ သူ့ရဲ့ ကစားဟန်ကြောင့်လည်း ဘောလုံးရာသီတိုင်းမှာ အမြဲတမ်းလိုလိုအနားယူနေခဲ့ရပြီး အခုတခေါက်ကတော့ တော်တော်လေးကြာမြင့်မှာ ဖြစ်လို့ စိတ်ပျက်စရာကောင်းလွန်းပါတယ်။ 

သူ့ရဲ့ ခြေစွမ်းနဲ့ ပညာပိုင်းအရ နေမာက ဒီထက်မကတဲ့ အဆင့်တခုကို ရောက်ခဲ့သင့်ပေမယ့် ဒဏ်ရာပြသနာနှိပ်စက်မှုတွေက သူ့ကိုဆွဲချခဲ့ပါတယ်။ အယ်လ်ဟီလယ်အတွက်လည်း အာရှချန်ပီယံလိဂ်နဲ့ ဆော်ဒီလိဂ်မှာ ပွဲကျပ်တွေ ကစားရမယ့်အချိန် နေမာကို လက်လွှတ်ရမှာက သတင်းဆိုးတခုဖြစ်လာခဲ့ပါတယ်။ 

ပရိသတ်တွေကတော့ နေမာပြန်ကစားနိုင်ချိန်မှာတောင် ပုံမှန်ခြေစွမ်းပြနိုင်ပါ့မလားလို့ သံသယဖြစ်နေကြပါတယ်။ ACL ဒဏ်ရာက ကစားသမားတိုင်း ကြောက်ရွံ့တဲ့ ဒဏ်ရာဖြစ်ပြီး ပြန်ကစားနိုင်ချိန်မှာ ခြေစွမ်းပြနိုင်ဖို့ကို တော်တော်လေးရုန်းကန်ရလေ့ရှိပါတယ်။

Share

Loading Next Article...
က္က