ချယ်လ်ဆီးရဲ့သွင်းဂိုးတွေကို VAR ကြည့်ရှုပြီး ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားရဲ့ ဘတ်ရှူဝါယီအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတွက်လည်း ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာက တစ်စုံတစ်ရာအရေးယူခြင်းမလုပ်ခဲ့တာကိုလည်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ 

စတန်းဖို့ဒ်ဘရစ်ချ်မှာကစားခဲ့တဲ့ ချယ်လ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မှာ VAR ဆုံးဖြတ်ချက်နဲ့ သွင်းဂိုး ၂ဂိုးပယ်ဖျက်ခံရတဲ့အပေါ်မှာ ချယ်လ်ဆီးပရိသတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။ မက်ဂွိုင်းယားရဲ့ ဘတ်ရှူဝါယီအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတွက်လည်း ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာက တစ်စုံတစ်ရာအရေးယူခြင်းမလုပ်ခဲ့တာကိုလည်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ 

နောက်ထပ်ထောက်ပြမှုတစ်ခုအဖြစ် ဒီပွဲကိုကိုင်တွယ်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးအန်သိုနီတေလာဟာ မန်ချက်စတာဒေသဖွား ဒိုင်လူကြီးတစ်ဦးဖြစ်တယ်ဆိုတာပါပဲ။ ယူနိုက်တက်ကို အရေးနိမ့်အပြီးမှာ ချယ်လ်ဆီးပရိသတ်တွေက VAR ကြောင့် သူတို့အသင်းအရေးနိမ့်ခဲ့တယ်လို့ ညည်းတွားခဲ့ကြပြီးနောက် ကွင်းလယ်ဒိုင်လူကြီးကိုလည်း အကြောင်းပြချက်တစ်ခုအဖြစ် ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။ 

အန်သိုနီတေလာကတော့ မန်ချက်စတာတောင်ပိုင်း Wythenshawe ဒေသမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ အဆိုပါနေရာဟာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းနဲ့ ခြောက်မိုင်ခန့်သာ ဝေးကွာတယ်လို့လည်း သိရပါတယ်။  အသက် ၄၁ နှစ်အရွယ် ဒိုင်လူကြီးဟာ ပထမဆုံးပရီးမီးယားလိဂ်ပွဲကိုင်တွယ်မှုအဖြစ် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပို့စ်မောက်ပွဲကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၁၃ မှာ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်က ပြိုင်ပွဲတွေကို တရားဝင်ကိုင်တွယ်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ 

ချယ်လ်ဆီး ၀-၂ ယူနိုက်တက်ပွဲစဉ်မှာ မက်ဂွိုင်းယားရဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့မှု၊ ဇူးမား နဲ့ ဂီရော့ဒ်တို့ရဲ့ သွင်းဂိုးတွေကို ပယ်ဖျက်ခဲ့မှုနဲ့ ပတ်သက်ပြီး အန်သိုနီတေလာက ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပြီဖြစ်ပါတယ်။ ဒီလိုမျိုးဝေဖန်ခံရမှုအကျိုးဆက်အဖြစ် မန်ချက်စတာမှာ မွေးဖွားလာခဲ့သူဖြစ်တယ်ဆိုတဲ့ နောက်ကြောင်းကိုပါ ပရိသတ်တွေက ထောက်ပြလာခဲ့တာဖြစ်ပါတယ်။ 

Share

က္က