ကေညီကတော့ အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားထဲမှာ မြန်မာပြည် သိန်းတန်ရဲ့ အမူအရာနဲ့ စကားပြောဟန်တွေ နဲ့ သရုပ်ဆောင် ခဲ့တာကြောင့် တကယ်ကို ပျော်စရာလည်းကောင်းခဲ့ပါတယ်။ ဒီကာရိုက်တာလေးကလည်း သူ့အတွက် ပရိသတ်တွေ မျက်လုံးထဲ စွဲစေနိုင်မယ့် ကာရိုက်တာလေး ဖြစ်ပါတယ်။
Photo: K Nyi Facebook
သရုပ်ဆောင်ကေညီဟာ အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ မိုက်ခဲရွာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အစီအစဉ်တင်ဆက် သူ ကေထက်အောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ မြန်မာပြည်သိန်းတန်ရဲ့ အမူအရာနဲ့ စကားပြော ပုံတွေကို အတုခိုးထားတဲ့ စတိုင်လ်လေးကလည်း အမှတ်တရဖြစ်တဲ့အကြောင်း Duwun Media ကနေပြောပြခဲ့ပါတယ်။
'' ကျွန်တော်ကတော့ အိုင်ဒေါရွာရဲ့ စီစဉ်သူ ကေထက်အောင်ဘဲ ဖြစ်ပါတယ်။ အန်ကယ်လ်က ကျွန်တော့် အိုင်ဒေါပါ၊ အန်ကယ့်ကို ကျွန်တော် ကြည့်ခဲ့တာကြာပါပြီ။ ဒီဇာတ်က်ားထဲမှာ အန်ကယ် သရုပ်ဆောင်တာ အရမ်းကောင်းပါတယ်ခင်ဗျာ။ အဲ့ဒီတော့ အန်ကယ့်ကို ကျွန်တော် Yes ပေးပါတယ်၊ တေးချစ်သူကိုလည်း Yes ပါလို့'' ဆိုပြီးတော့ မြန်မာပြည်သိန်းတန်ရဲ့ အမူအရာအတိုင်း ပြောပြခဲ့ပါတယ်။
သားချောလေးနှစ်ယောက်ကို မင်းသားဖြစ်စေချင်တဲ့ ကေညီ
ပရိသတ်အကြိုက်တွေ့စေမယ့် ထူးထူးခြားခြားဟာသဇာတ်ကားလေးဖြစ်တဲ့ အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးဟာ အဓိက အားဖြင့် Myanmar Idol သီချင်းဆိုပြိုင်ပွဲ ပုံစံမျိုးကို အခြေခံရိုက်ကူးထားတဲ့အကြောင်းကို သြဂုတ်လ ၁၉ ရက်နေ့က အဆိုတော်တွေနေတဲ့ ရွာ ရုပ်ရှင်အထူးပြသပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။
'' ဒီဇာတ်လမ်းလေးကလည်း အခုလက်ရှိ အိုင်ဒေါပြီးတဲ့ အချိန် ပူပူနွေးနွေးလေး ဖြစ်နေတဲ့ အချိန်မှာ ရုံတင်တာ ကွက်တိပဲ။ ရိုက်တဲ့ အချိန် တုန်းကတော့ အိုင်ဒေါတောင် အဲ့လောက် နာမည်မကြီးသေးဘူး။ တစ်နှစ်ခွဲကျော် ကြာပြီ။ ဂီတကို ဝါသနာပါတဲ့ ရွာတွေမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာလေးတွေကို အခြေခံပြီး ရိုက်ထားတာ'' လို့ သူကဆိုပါတယ်။
Photo: K Nyi Facebook
အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၄ ရက်နေ့ (ဒီနေ့) မှာပဲ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ် ဆောင် မြန်မာပြည်သိန်းတန်၊ တေးချစ်သူ၊ ဇေရဲထက်၊ ရွှေမှုန်ရတီ၊ မင်းမော်ကွန်း၊ မို့မို့မြင့်အောင် တို့က အဓိက ပါဝင်ထားပါတယ်။ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ရာဇဝင်ကို က ရိုက်ကူးပုံဖော်ထားတာပါ။
Photo: အဆိုတော်တွေ နေတဲ့ရွာ
ကေညီဟာ ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တစ်ဦးအဖြစ် ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ သူ ဟာ ပါဝင်ရတဲ့ ကာရိုက်တာတိုင်းအပေါ် အကောင်းဆုံး ကြိုးစားလေ့ရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ အနုပညာအတွေ့အကြုံကတော့ အများကြီး ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။