Photo- DY Han Mway (ကျူးလွန်သူတစ်ဦးရဲ့ ဓာတ်ပုံ)
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်မနက် ၁ နာရီလောက်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်က နေအိမ်တစ်ခုမှာ သားသမီး ၃ ဦးနဲ့ အတူနေထိုင်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်အိအိခိုင်ရဲ့ နေအိမ်မှာ လာရောက်တည်းခိုသူ ထွန်းနိုင်ဝင်းနဲ့ မင်းထက်ဆိုသူတို့က အိမ်ရှင်ဒေါ်အိအိခိုင်ကိုသတ်ပြီး သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ရွှေတွေကိုယူသွားခဲ့တာ ဖြစ်ပါတယ်။
Photo- Ministry of Home Affairs
“တရားခံတွေကို ဖမ်းမိတဲ့ မြို့တွေက ရဲစခန်းမှာ ချုပ်ထားတယ်။ သူတို့ကို လုယက်သွားခဲ့တဲ့ သက်သေခံပစ္စည်းတွေကို သူတို့က ရောင်းပြီးခွဲဝေယူပြီးပြီ။ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအရ အရေးယူမှုတွေ လုပ်မှာပါ” လို့ စခန်းမှူး ရဲမှူးဟန်မွှေးက ပြောပါတယ်။
ပြစ်မှုကျုးလွန်သူ နှစ်ဦးထဲက တစ်ဦးမှာ သေဆုံးသူအမျိုးသမီးနဲ့ အင်တာနက်ကတစ်ဆင့်ချစ်ကြိုက်ပြီး ဇာတ်မင်းသားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျူးလွန်သူတွေဟာ သေဆုံးသူ ဝတ်ဆင်ထားတဲ့ ၁၀ ကျပ်သားရှိ လော့ကတ်သီးပါ ဆွဲကြိုး (၁) ကုံး၊ ၅ မူးသားခန့်ရှိတဲ့ လက်ကောက်အကွင်း (၂၀)၊ ၅ မူးသားခန့်ရှိတဲ့ လက်ကောက်အကွင်း (၂၀)၊ ၅ မူးသားခန့်ရှိတဲ့ လက်စွပ် ၃ ကွင်း၊ ၂ ကျပ်သားခန့်ရှိ Foot Change ၁ ကွင်း၊ Oppo အမျိုးအစားလက်ကိုင်ဖုန်း ၃လုံး စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ကို ယူသွားခဲ့တယ်လို့ သိရပါတယ်။