Facebook ၊ Google နဲ့Amazon တို့ကို အခွန်ကောက်သွားမှာပါ

     Facebook နဲ့Google အပါအဝင် အွန်လိုင်းအိုင်တီကုမ္ပဏီကြီးတွေကို ဒစ်ဂျစ်တယ်အခွန်ကောက်ခံနိုင်စေဖို့နယူးဇီလန်နိုင်ငံဟာ ဥပဒေတွေကို ပြင်ဆင်သွားတော့မှာပါ။

         နယူးဇီလန်ဝန်ကြီးချူပ် ဂျက်စင်ဒါအာဒန်းက ဝန်ကြီးများအစည်းအဝေးမှာ နိုင်ငံစုံကုမ္ပဏီတွေအနေနဲ့သင့်တင့်တဲ့နှုန်းထားအတိုင်း ပေးသွင်းဖို့အတွက် နယူးဇီလန်ရဲ့ အခွန်အခ မူဘောင်ကို ပြင်ဆင်ရဖို့ဆွေးနွေးချက်တစ်စောင် ထုတ်ပြန်ဖို့သဘောတူထားတယ်လို့ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။ အွန်လိုင်းကုမ္ပဏီတွေကို အခွန်ကောက်မယ့် နှုန်းထားကတော့ ၂%ကနေ ၃% ဖြစ်ဖို့လည်း ရှိပါတယ်

Photo: thestar

         "အခုလက်ရှိ ကျွန်မတို့အခွန်စနစ်က တစ်ဦးချင်း အခွန်ထမ်းနဲ့နိုင်ငံပေါင်းစုံ ကုမ္ပဏီကြီးတွေအပေါ်မှာ ကောက်ခံရာမှာ မျှတမှန်ကန်မှု မရှိပါဘူး။" လို့ဝန်ကြီးများ အစည်းအဝေးက အထွက်မှာ သတင်းထောက်တွေကို အာဒန်းက ပြောခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ကုမ္ပဏီကြီတွေဆိုရာမှာ လူမှုကွန်ရက်ပိုင်း ၊ အွန်လိုင်းရောင်းဝယ်ရေးနဲ့ကြော်ငြာလုပ်ငန်းတို့လို ကုမ္ပဏီတွေ ပါဝင်ပြီး ဒီကုမ္ပဏီကြီးတွေဟာ ဝင်ငွေခွန်မဆောင်ဘဲနဲ့နယူးဇီလန်မှ သုံးစွဲသူတွေဆီကနေ အကြီးအကျယ် ဝင်ငွေရနေတာ ဖြစ်တယ်လို့အစိုးရပိုင်းက ထုတ်ပြန်ထားပါတယ်။

         ခန့်မှန်းချက်များအရ နယူးဇီလန်အတွင်း တိုင်းတပါးမှ နယ်မြေဖြတ်ကျော်ပြီး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ လုပ်ဆောင်နေကြတဲ့ တန်ဖိုးဟာ နယူးဇီလန်ဒါ်လာ ၂.၇ ဘီလျံ (ဒေါ်လာ ၁.၈၆ ဘီလျံ) ခန့်ရှိမယ်လို့ဆိုပါတယ်။ ဒီဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် DST အတွက် ဝင်ငွေကလည်း နယူးဇီလန် ဒေါ်လာ သန်း ၃၀ ကနေ သန်း ၈၀ ကြား ရှိမယ်လို့ဘဏ္ဍာရေးဝန်ကြီး ဂရန့်ရောဘတ်ဆန်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

         


Photo: BBC

         ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ကမ္ဘာကျော် စမတ်ဖုန်းကုမ္ပဏီ Apple ဟာ နယူးဇီလန်မှာ ဆယ်နှစ်ကျော်ကြာ ဝင်ငွေခွန်ကို ရှောင်လွဲှခဲ့တယ်လို့ဆိုပါတယ်။ Apple ဟာ ၂၀၀၇ ခုနှစ်ကစပြီး နယူးဇီလန်မှာ ရောင်းခဲ့သမျှ ဝင်ငွေခွန် ၃၇ သန်းကို သြစတြေးလျအစိုးရဆီကို အခွန်ဆောင်ခဲ့တာ ဖြစ်ပြီး အခွန်ရေးရာကျွမ်းကျင်သူများကတော့ ဒါဟာ နယူးဇီလန်ဥပဒေဘောင်အတွင်းကနေ လုပ်ခဲ့တာ ဖြစ်တယ်လို့အတည်ပြုထားပါတယ်။

         DST နဲ့ပတ်သတ်ပြီး ယူကေ ၊ စပိန် ၊ အီတလီ ၊ ပြင်သစ် ၊ သြစတြေးလျနဲ့အိန္ဒိယတို့မှလည်း ဥပဒေပြဌာန်းဖို့စီစဉ်ထားသလို ဒီအစီအစဉ်တွေကိုလည်း ကြေညာထားပါတယ်။ အီးယူနဲ့သြစတြေးလျတို့ဟာလည်း DST နဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနေကြပါတယ်။ နယူးဇီလန်အနေနဲ့DST အခွန်အတွက် ဆွေးနွေးချက်ကို မေလထဲမှာ အပြီးသတ်ဖို့ရှိပါတယ်။

Share

Loading Next Article...
က္က