စစ်ဖို့တောင်းရာကနေ တပ်ထဲလိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့ပြီး တံတားအောက်မှာ လှည့်ပတ်မောင်းနှင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အွန်လိုင်းပေါ်မှာ ပျံနှံ့နေတဲ့ ဖြစ်စဉ်ဖြစ်တဲ့ လိုင်စင်နဲ့ ဝှိးတက်တောင်းခံတဲ့ ယာဉ်ထိန်းရဲကို ခြိမ်းခြောက်ခဲ့တဲ့ ယာဉ်ပိုင်ရှင်ကို အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် ။

ဓါတ်ပုံ- ရဲဇာနည်



ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ Zarni Tike အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူက လွှင့်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဝှီးတက်နဲ့ လိုင်စင်စစ်ဖို့ တောင်းတဲ့ ယာဉ်ထိန်းရဲကို ခြိမ်းခြောက်ပြီး တပ်ထဲသို့ လိုက်ခဲ့ဖို့ခေါ်တဲ့က ားပိုင်ရှင်ရဲ့ရုပ်တွေပါဝင်ခဲ့ပြီး အဲ့ဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။

ရန်ကုန်မြို့ ၈ မိုင်မီးပွိုင့်နားမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ယာဉ်နံပါတ် 1K/xxxx Crown အဖြူရောင်ယာဉ်ကို ပဲခူးတိုင်းမှာ စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ရှာဖွေချက်အရ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲမှာ အဆိုပါကားကို ပဲခူးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က JADE GARDEN HOTEL မှာရောက်နေတယ်လို့ သိရတာကြောင့် သွားရောက်စစ်ဆေးတဲ့အခါမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေထိုင်သူ ယာဉ်မောင်းက ဦးဇော်ထူးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါယာဉ်နဲ့အတူ ပဲခူးမြို့ကိုလာတဲ့အချိန်မှာ ညနေ ၃ နာရီခန့် ရန်ကုန်က (၈)မိုင်လမ်းဆုံ၊ ရွှေဘဲစားသောက်ဆိုင် အနီးမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက တားပြီး ယာဉ်မောင်းလိုင်စင်နဲ့ ဝှီးတက် တို့ကို စစ်ဖို့တောင်းရာကနေ တပ်ထဲလိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့ပြီး တံတားအောက်မှာ လှည့်ပတ်မောင်းနှင်ခဲ့ရာကနေ မူလနေရာကို ပြန်ပို့ခဲ့တယ်လို့ အစစ်ခံခဲ့ပါတယ်။

အဆိုပါယာဉ်မောင်းသူက တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တစ်ဦးကို တပ်မတော်သားမဟုတ်ဘဲ တပ်ထဲကို လိုက်ခဲ့လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးောတ့ ယာဉ်လိုင်စင်စာအုပ်၊ ဝှီးတက်၊ ယာဉ်မောင်းလိုင်စင်တို့ကို မှန်ကန်မှုရှိ မရှိ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပါတ်သတ်ပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေကရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အောက်မှာ ထင်မြင်ချက်များစွာပေးထားကြတာဖြစ်ပြီးတော့ ယာဉ်ထိန်းရဲအနေနဲ့ လာဘ်ယူခဲ့တာမျိုးရှိတာကြောင့် အဆိုပါ ယာဉ်ထိန်းရဲကိုလည်း အရေးယူသင့်တယ်ဆိုပြီး ဝေဖန်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က