ဝုလ်နဲ့ပွဲမျာ ပွဲချိန်ပြည့်ပါဝင်ကစားပေးသွားခဲ့ပါတယ်။

ယူနို််က်တက်အတွက်တော့ သရေပွဲဖြစ်ခဲ့မှုက တော်တော်လေးနစ်နာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီးနဲ့အမှတ်ကွာဟမှုကို လျှော့ချပစ်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ဝုလ်ဗ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘရူနိုဖာနန်ဒက်စ်က သူ့ရဲ့အသင်းအတွက်အကောင်းဆုံးပေါင်းစပ်မှုတစ်ခုဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးပွဲကို ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူရဲ့ ခြေစွမ်းကိုလည်း ဆိုးလ်ရှားက ကျေနပ်သဘောကျနေခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းအပေါ် သုံးသပ်ပြောဆိုမှုတွေကိုလည်း ပြုလုပ်သွားခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အတွက် ဂိုးကန်သွင်းမှု ၃ကြိမ်ပြုလုပ်သွားနိုင်ခဲ့ပါတယ်။ အကောင်းဆုံးခြေစမ်းကို မပြသနိုင်ခဲ့ပေမယ်လည်း လက်ခံနိုင်ဖွယ်ရာပုံစံမျိုးကို ဖာနန်ဒက်စ်က ပြသနိုင်ခဲ့ပါတယ်။ ယူနို််က်တက်အတွက်တော့ သရေပွဲဖြစ်ခဲ့မှုက တော်တော်လေးနစ်နာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီးနဲ့အမှတ်ကွာဟမှုကို လျှော့ချပစ်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသလို အဆင့် ၆နေရာကိုလည်း ရောက်ရှိသွားခဲ့ပြီး ရှက်ဖီးက တစ်မှတ်အသာနဲ့ အဆင့် ၅နေရာကို ရောက်ရှိလာခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ သူ့အသင်းအနေနဲ့ အနိုင်ရဖို့အတွက် လုံလောက်တဲ့ပုံစံကောင်းကို ပြသနိုင်ခဲ့တယ်လို့ ယူဆခဲ့ကာ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းအတွက်လည်း ပျော်ရွှင်မိတယ်လို့ ဆိုခဲ့ပါတယ်။ "မျှော်လင့်ခဲ့သလိုမျိုး ဖြစ်လာခဲ့ပါတယ်၊ ကျွန်တော်တို့ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီးတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိအောင်လည်း ကစားနိုင်ခဲ့ပါတယ်၊ သူတို့က ကျွန်တော်တို့ကို တန်ပြန်တိုက်စစ်ကနေ အခက်တွေ့စေခဲ့ပါတယ်၊ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ကျွန်တော်တို့ပွဲအများကြီးကစားခဲ့ရပြီး ကစားသမားတွေအနေနဲ့ အနားယူဖို့အတွက် လိုအပ်နေပါပြီ"

"ဘရူနိုကတော့ ကွင်းလယ်အတွင်းထဲထိ လိုက်ကစားပေးသွားခဲ့ပါတယ်၊ ပထမပိုင်းမှာ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ခံစားမိပါတယ်၊ ဒုတိယပိုင်းမှာ ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်၊ ဘရူနိုက ထိပ်တန်းကစားသမားပါ၊ သူ့ရဲ့ပထမဆုံးပွဲလည်းဖြစ်ပြီး သူ ဘောလုံးရချိန်တိုင်းမှာ သူ့ရှေ့က ကစားသမားတွေကို အမြန်ဆုံးရွေ့လျားစေချင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒါကိုကျွန်တော်တို့မလုပ်နိုင်ခဲ့ပါဘူး၊ သူကအကောင်းဆုံးပေါင်းစပ်မှုတစ်ခုပါပဲ" လို့ ဆိုးလ်ရှားကပြောဆိုခဲ့ကြောင်း Express က ဖော်ပြသွားခဲ့ပါတယ်။

Share

က္က