အိမ်ထောင်သက်(၅)နှစ်ပြည့်သွားပြီတဲ့။

မယ်လိုဒီက အိမ်ထောင်သက် (၅)နှစ်ပြည့်နေ့လေးမှာ ခင်ပွန်းကို နားပူနားဆာတွေလုပ်ရင်း လက်ဆောင်တစ်ခုပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ချစ်ခင်ပွန်းရဲ့ ဘေးနားမှာ တသက်လုံး စကားတွေ အများကြီး ပြောပေးသွားမယ်လို့ ဆိုပါတယ်။

Photo : မယ်လိုဒီ FB



ဒီနေ့(ဖေဖော်ဝါရီ၇ ရက်)က မယ်လိုဒီတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၅)နှစ်ပြည့်တဲ့နေ့လေးပါ။ မယ်လိုဒီက ခင်ပွန်းဖြစ်သူကို ဒီနေ့မှာ ကျရောက်တဲ့ အိမ်ထောင်သက် (၅)နှစ်ကနေ အကန့်အသတ်မရှိ သက်တမ်းတိုးပေးလိုက်တယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက် (၅)နှစ်ပြည့်တဲ့ လက်ဆောင်အဖြစ် ခင်ပွန်းဖြစ်သူကို နားပူနားဆာတွေလုပ်ရင်း တသက်လုံး စကားတွေ အများကြီး ပြောပေးပါ့မယ်လို့ မယ်လိုဒီက ပြောထားပါတယ်။

Photo : မယ်လိုဒီ FB

“ရိုးသားခြင်း မိသားစုကိုတန်ဖိုးထားခြင်းမိန်းမကိုနားလည်ခွင့်လွှတ်စာနာတတ်သောကြောင့် ယနေ့ကျရောက်သောအိမ်ထောင်သက် ၅နှစ်မှ အကန့်အသန့်မရှိ သက်တမ်းတိုးပေးလိုက်ပါသည်။သို့သော်လည်း သက်တမ်းတိုးရင် ရေလောင်းရတာတော့ သိသင့်တယ် ထင်ပါသည်။ အိမ်ထောင်သက်၅နှစ်ပြည့်လက်ဆောင်အဖြစ် ယောက်ျားကိုနားပူနာဆာလုပ်ရင်း တသက်လုံးစကားတွေအများကြီးပြောပေးပါမယ်။ အမြဲတမ်းအရစ်တုံး”  ဆိုပြီး ဖေဖော်ဝါရီ(၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : မယ်လိုဒီ FB

သရုပ်ဆောင် မယ်လိုဒီ (Melody ) ဟာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၇) ရက်နေ့က ချစ်သူ ကိုသာကောင်းနဲ့ လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ ယခုဆိုရင် မယ်လိုဒီဟာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းသော မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သားလေး သိဒ္ဓိစစ်ဟာ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။

Photo : မယ်လိုဒီ FB

မယ်လိုဒီဟာ အိမ်ထောင်ပြုပြီးနောက် အနုပညာလောကထဲကနေ ခဏပျောက်ကွယ်သွားပြီး ၂၀၁၇ခနှစ်မှ စတင်ကာ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်လာခဲ့သူလည်း ဖြစ်ပါတယ်။ မယ်လိုဒီက ၂၀၁၂ခုနှစ် အကယ်ဒမီပေးပွဲကြီးမှာ “ထာဝရအလင်းတန်းများ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က