ချစ်သူ သက်တမ်း ၃ လပြည့်ပြီဖြစ်ပါတယ်။

မိုးယံဇွန်တို့ ချစ်သူနှစ်ယောက်အတွက် ဒီနေ့(ဇွန်လ ၁၀)ဟာ ချစ်သူသက်တမ်း ၃ လပြည့်တဲ့နေ့လေး တစ်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။ အခုချိန်ထိ သူ့ရဲ့ ချစ်သူလေးက ဘယ်သူဆိုတာကို ပရိသတ်တွေဆီ ပြသတာမျိုးမရှိသေးပါဘူး။

Photo: Moe Yan Zun



သရုပ်ဆောင် မိုးယံဇွန် နဲ့ သူ့ရဲ့ ချစ်သူကောင်မလေးတို့ဟာ ဇွန်လ ၁၀ ရက်နေ့မှာ ချစ်သူသက်တမ်း ၃ လပြည့်ပြီလို့ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကောင်မလေးကိုတော့ ထုတ်ဖော်ပြသတာမျိုး မရှိသေးပါဘူး။

‘’ Happy Anniversary <3 TLL’’ ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့မနက် ၁ နာရီ မိနစ် ၄၀ အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မိုးယံဇွန်ရဲ့ Facebook Story မှာလည်း ‘’Happy 90 Days <3 TLL’’ ဆိုပြီးတော့လည်း ရေးသားထားတာ တွေ့ရပါတယ်။

Photo: Moe Yan Zun

မိုးယံဇွန်က သူ အခုတွဲနေတဲ့ ချစ်သူကောင်မလေးက ပရိသတ်တွေ ထင်ကြေးပေးနေကြတဲ့ နာမည် ၅ လုံးနဲ့ မင်းသမီးမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုပါလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ဒါကတော့ ပရိသတ်တွေထင်ကြတာပါ။ တချို့ကိစ္စတွေမှာ နည်းနည်းတိုက်ဆိုင်တာလေးတွေလည်း များလို့ပေါ့နော်။ သေချာတာ တစ်ခုကတော့ သူတို့ထင်နေတဲ့ မင်းသမီး မဟုတ်ဘူးပေါ့နော်။ အဲဒီမင်းသမီးနဲ့ကလည်း မောင်နှမတွေလို ခင်နေတာပေါ့နော်။ အမြဲတမ်း စနောက်ပြီးတော့ ပျော်နေကြတာဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Moe Yan Zun

မိုးယံဇွန်ဟာ သူ့မှာ အရမ်းချစ်ရတဲ့ကောင်မလေးရှိတယ်ဆိုတာကိုလည်း ပရိသတ်တွေကို တရားဝင်ထုတ်ပြောထားသူပါ။ ဒါပေမယ့် ကောင်မလေးနဲ့ ပုံတွေတင်တိုင်းအမြဲတမ်း စတစ်ကာလေးတွေ အုပ်တတ်တဲ့အကြောင်းကိုလည်း ဝန်ခံပြောပြလာပါတယ်။

‘’ ကျွန်တော့် ကောင်မလေးကို ချစ်လို့ စတစ်ကာအုပ်တာပါ။ သူကတော့ အပြင်ကပါပဲ။ ကျွန်တော်က ပျော်ပျော်နေတတ်တယ်။ ခင်တဲ့သူတွေလည်း များတယ်။ ခင်တဲ့သူတွေကိုလည်း ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဘူးပေါ့နော်။ ကျွန်တော့်ကို ထိခိုက်အောင်လုပ်ရင်လည်း ကျွန်တော်မကြိုက်ဘူး။ ကျွန်တော်နဲ့ သဟဇာတဖြစ်တဲ့လူတွေက ဘေးနားမှာရှိတယ်။ အပေါင်းအသင်းများတယ်၊ မိတ်ဆွေများတယ်။ ရည်းစားတော့ မရှုပ်ပါဘူး။ ကျွန်တော်နဲ့ အဆင်မပြေတဲ့လူတွေကသာ ကျွန်တော့်ဘေးနားက ထွက်သွားကြတဲ့ သဘောပါ’’ လို့ ဆိုပါတယ်။

Photo: Moe Yan Zun

မိုးယံဇွန်ဟာ အဆိုတော်ခိုင်ဝါရဲ့တစ်ဦးတည်းသော သားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်ဘက်ကို ပိုအားသန်သူပါ။ မိုးယံဇွန်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အသားဖြူဖြူ၊ အရပ်အမောင်ရှည်ရှည်၊ ရုပ်ရည်ချောမောလှတာကြောင့်လည်း မိန်းကလေး ပရိသတ်တွေကိုအများဆုံး ပိုင်ဆိုင်ထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က