ချစ်ဇနီးအတွက်ဆို သိပ်အလိုက်သိသူလေး။

ရွှေထူးက ချစ်ဇနီးလေးအတွက် သူတို့နှစ်ယောက်ရဲ့ နှစ်ပတ်လည် နေ့လေးကို မမေ့မလျော့ပြုလုပ်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ Anniversary နေ့လေးကို ရွှေမှုံက မေ့နေခဲ့ပေမယ့် ရွှေထူးက မမေ့မလျော့ပဲ ချစ်ဇနီးလေးအတွက် Surprise လုပ်ပေးခဲ့တာပါ။

ဇန်နဝါရီ(၆) ရက်နေ့ဟာ သူတို့နှစ်ယောက်ရဲ့ Anniversary နေ့လေးပါ။ သူတို့ရဲ့ Anniversary နေ့လေးမှာ ရွှေထူးက ရွှေမှုံအတွက် နှင်းဆီပန်းစည်းလေးနဲ့အတူ ကိတ်မုန့်လေး တစ်လုံးနဲ့ Anniversary လေးကို မှတ်မှတ်ရရ ပြုလုပ်ပေးခဲ့တာပါ။ ရွှေမှုံက ချစ်ခင်ပွန်း ရွှေထူးရဲ့ surprise ကြောင့် ပျော်လို့ နေပါတယ်။ရွှေထူးဟာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ချစ်ဇနီးအတွက် ခွေးလေးတွေ လက်ဆောက်ပေးခဲ့ပါသေးတယ်။



ချစ်ဇနီးလေးကို အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေတဲ့ ရွှေထူးကိုလည်း ပရိသတ်တွေက အားကျလို့နေပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောင်ထားတဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးလေးဟာပရိသတ်တွေ အားကျရလောက်တဲ့အထိကို ကြည်နူးဖို့ ကောင်းလှပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေကြပါပြီ။ ရွှေမှုံရတီလည်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူြပုလုပ်ခဲ့ပါတယ်။

မင်္ဂလာဧည့်ခံပွဲကိုတော့ နိုဝင်ဘာ(၁၁) ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ချစ်တဲ့အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က