အဲဗာတန်အသင်းအနေနဲ့ မြင့်မားတဲ့လစာပေးချေမှုတွေပြုလုပ်ဖို့ အသင့်ရှိနေပါပြီ။

ကစားသမားအများစုကို အပြောင်းအလဲပြုလုပ်ဖို့ရှိနေတဲ့ ရီးရဲလ်အသင်းရဲ့အခြေအနေကြောင့် အဲဗာတန်အ သင်းက တရားဝင်ကမ်းလှမ်းဖို့ပြင်ဆင်နေခဲ့တာပါ။

အဲဗာတန်နည်းပြအန်စလော့တီရဲ့ ကစားသမားအဝယ်စာရင်းတွင် ရီးရဲလ်တိုက်စစ်မှူးကစားသမားနှစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ ပါဝင်လာပြီး ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးတစ်ရပ်အသုံးပြုသွားဖို့ရှိနေတ ယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရီးရဲလ်အသင်းတွင် အတူလက်တွဲခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ တပည့်ဟောင်းနှစ်ဦးကို ပြန်လည်လက်တွဲ လိုနေတဲ့ နည်းပြအန်စလော့တီအနေနဲ့ အဲဗာတန်အသင်းတာဝန်ရှိသူတွေထံ တရားဝင်တောင်းဆိုမှုတွေပြုလုပ် ခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိိနေခဲ့ပါတယ်။



နည်းပြအန်စလော့တီအနေနဲ့ ရီးရဲလ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်က ပထမဦးဆုံးခေါ်ယူခဲ့တဲ့ ကစားသ မားတွေထဲမှာ ဂါရတ်ဘေးလ်ပါဝင်ခဲ့ပြီး နောက်တစ်နှစ်မှာလည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အသင်းဆီရောက်အောင် ခေါ်ယူနိုင်ခဲ့သူဖြစ်လို့ လက်ရှိမှာလည်း ကစားသမားနှစ်ဦးလုံးကို အဲဗာတန်အသင်းဆီခေါ်ယူနိုင်မယ်လို့ယုံကြည် နေကြတယ်လို့လည်း သိရပါတယ်။

Marca.com ရဲ့ဖော်ပြချက်မှာတော့ နည်းပြအန်စလော့တီရဲ့ ကမ်းလှမ်းမှုကို ကစားသမားနှစ်ဦးလုံးနဲ့ရီးရဲလ်အ သင်းကပါ တရားဝင်လက်ခံထားခဲ့ပြီလို့ ဖော်ပြထားခဲ့ပေမယ့် သက်ဆိုင်သူအားလုံးကတော့ တစ်စုံတစ်ရာမှတ် ချက်ပြုအတည်ပြုခြင်းမရှိသေးတာပါ။

လက်ရှိသတင်းဖော်ပြမှုတွေမှာတော့ ရီးရဲလ်အသင်းအနေနဲ့ ဂါရတ်ဘေးလ်ကို သေချာပေါက်လက်လွှတ်ဖို့ရှိနေခဲ့ ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ အငှားသွားရောက်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့လိုနေတယ်လို့ စပိန်မီဒီယာအများစုက ဖော်ပြနေကြပါတယ်။

Share

Loading Next Article...
က္က