Snapdragon 8 Gen 1 နဲ့ လာမယ့်ဖုန်းပါ

Realme GT 2 Pro 5G ဟာ AnTuTu Score ၁ သန်းကျော် ရထားတဲ့ ပထမဆုံးဖုန်းဖြစ်လာမယ်လို့ ဆိုပါတယ်။ 

BBK Electronics ပိုင် Realme ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ Realme GT 2 Pro 5G ဖုန်းကို ဈေးကွက်တင်ရောင်းချသွားဖို့ ရှိပါတယ်။ Realme GT 2 Pro 5G ဟာ Realme အမှတ်တံဆိပ်တွေထဲမှာ Snapdragon 8 Gen 1 (Snapdragon 898 SoC) ကို သုံးတဲ့ ပထမဆုံးဖုန်း ဖြစ်လာမှာပါ။ Snapdragon 898 ဟာ High-End စွမ်းဆောင်ရည်တွေ ပါဝင်တဲ့ အဆင့်မြင့် Chipset တစ်ခုအဖြစ် လာမယ့်နှစ်မှာ မြင်တွေ့ရဖို့ ရှိပါတယ်။ 




Realme GT 2 Pro 5G ကို AnTuTu မှာ RMX3300 မော်ဒယ်ကုဒ်နဲ့ဖော်ပြထားပြီး AnTuTu Score ၁၀၂၅၂၁၅ မှတ် ပေးထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က MediaTek ရဲ့ 4nm Dimensity 2000 သုံး Vivo ဖုန်းတစ်လုံးဟာ AnTuTu ပေါ်မှာ ၁၀၀၂၂၂၀ မှတ် ရထားကြောင်း Ice Universe နဲ့ Digital Chat Solution တို့က ဖော်ပြထားပါတယ်။ AnTuTu ကတော့ ဒီ Score တွေက အမှန်အကန်ဟုတ်/မဟုတ် အတည်ပြုခြင်း မရှိပါဘူး။ 

Photo: GSMArena


လောလောဆယ် ကြားထားရတဲ့ အချက်အလက်တွေအရ Realme GT 2 Pro ဟာ 32MP selfie ကင်မရာနဲ့လာပြီး ကျောဘက်မှာ OIS ပါ 50MP main sensor သုံးလာမယ်လို့ ဆိုပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၁ လက်မ ရှိပြီး FHD+ AMOLED display ဟာ 120Hz display သုံးလာဖို့ ရှိပါတယ်။ Realme GT 2 Pro ဟာ 5000mAh ဘက်ထရီနဲ့လာပြီး 125W fast charging ပါမယ်လို့လည်း သတင်းပြေးနေပါတယ်။ တရုတ်ဈေးကွက်မှာ ခန့်မှန်းဈေး ယွမ် ၄၀၀၀ (မြန်မာငွေ ၁၁ သိန်းခွဲနီးပါး) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ 

၂၀၂၂ နှစ်ဆန်းပိုင်းမှာ Realme GT 2 Pro 5G လိုပဲ Snapdragon 8 Gen 1 သုံး High-End Android ဖုန်းတွေ ထွက်လာဖို့ ရှိပါတယ်။ ဒီထဲမှာ OnePlus 10 Pro ၊ Xiaomi 12 ၊ Samsung Galaxy S22 ၊ iQOO 9 ၊ Redmi K50 Pro / Pro+ နဲ့ Motorola Edge 30 Ultra တို့လည်း ပါဝင်ဖို့ ရှိပါတယ်။ Snapdragon 898 SoC ကို နိုဝင်ဘာလကုန်မှာ ကျင်းပမယ့် Qualcomm Tech Summit 2021 ပွဲမှာ ကြေညာသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က