Leica နဲ့ လက်တွဲပြီး ထွက်လာတဲ့ Xiaomi ဖုန်းသစ်တွေထဲက Xiaomi 12s Pro ရဲ့ AnTuTu Score ထွက်လာပြီ ဖြစ်ပါတယ်။
Xiaomi 12s စီးရီး ထုတ်ကုန်သစ်တွေ ဖြစ်တဲ့ Xiaomi 12s ၊ Xiaomi 12s Pro နဲ့ Xiaomi 12s Ultra တို့ကို ဇူလိုင် ၄ ရက်နေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပြီး မိတ်မဆက်ခင် ထွက်လာတဲ့ AnTuTu Benchmark Score အရ Pro မော်ဒယ်ဟာ AnTuTu Score ၁၁၁၃၁၃၅ မှတ် ရထားတယ်လို့ ဆိုပါတယ်။ တရုတ် Cheetah Mobile ပိုင် Benchmarking ဆော့ဖ်ဝဲလ်တစ်ခုဖြစ်တဲ့ AnTuTu ပေါ်က Xiaomi 12s Pro ရလဒ်ကို Anthony ဆိုတဲ့ Twitter အကောင့်ပိုင်ရှင်က Tweet တင်ခဲ့တာပါ။
Quaclomm ရဲ့ High-End Chispet သစ်ဖြစ်တဲ့ Snapdragon 8 Plus Gen 1 SoC သုံးလာတဲ့ ဒီဖုန်းဟာ Snapdragon 8 Gen 1 Chipset သုံး Xiaomi 12 Pro ထက် ပွိုင့်ပေါင်း ၁၂၆၄၄၃ မှတ် ပိုရထားတာလည်း ဖြစ်ပါတယ်။ တရားဝင် AnTuTu အချက်အလက်တွေအရ Xiaomi 12 Pro ဟာ AnTuTu Score ပေါင်း ၉၈၆၆၉၂ မှတ် ရထားတာပါ။
ပြီးခဲ့တဲ့ မေလအထိ AnTuTu V9 ranking သတ်မှတ်ချက်မှာ ထိပ်ဆုံးဖုန်း ၅ လုံးဟာ Snapdragon 8 Gen 1 သုံးထားတာ ဖြစ်ပါတယ်။ လက်ရှိ Snapdragong 8 Gen 1 ဖုန်းတွေထဲက AnTuTu Score အမြင့်ဆုံးဖုန်းက Nubia Red Magic 7 ဖုန်းဖြစ်ပြီး Score အနေနဲ့ ၁၀၄၂၁၄၁ ပွိုင့် ရထားတာ ဖြစ်ပါတယ်။ AnTuTu Score အမြင်ဆုံး ဖုန်းစာရင်းရဲ့ တတိယနဲ့ စတုတ္ထနေရာတွေမှာ Xiaomi ထုတ် POCO F4 GT နဲ့ Xiaomi 12 Pro တို့က ရပ်တည်နေကြပါတယ်။
Xiaomiui ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ Xiaomi 12 Pro မှာ သုံးထားတဲ့ Snapdragon 8 Gen 1 ကို Samsung က ထုတ်လုပ်ထားပြီး optimization ပိုင်းဆိုင်ရာ ပြဿနာတချို့ ရှိတယ်လို့ ဆိုပါတယ်။ Xiaomi 12 Pro မှာ အပူလွန်ကဲတာနဲ့ စွမ်းဆောင်ရည်လျော့ကျတာတွေ ဖြစ်နေခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ TSMC က ထုတ်ပေးထားတဲ့ Snapdragon 8 Plus Gen 1 မှာ အပူလွန်ကဲမှုပြဿနာ နည်းပြီး စွမ်းအင်ထိရောက်မှုလည်း သိသိသာသာ ပိုကောင်းတယ်လို့ ဆိုပါတယ်။
Xiaomi အင်ဂျင်နီယာတွေကလည်း Xiaomi 12s စီးရီးမှာ အအေးပေးစနစ်ကို ပိုကောင်းအောင် ကြိုးစားထားပြီး Xiaomi 12s Pro မှာ သုံးတဲ့ အအေးပေးနည်းပညာဟာ Xiaomi 12 Pro ထက် အတော်လေး ထိရောက်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ Xiaomi 12s Pro ဟာ ဒီဇိုင်းပိုင်းမှာ Xiaomi 12 Pro နဲ့ တစ်ပုံစံတည်းဖြစ်ပြီး 50MP IMX707 sensor ၊ 2x optical ဆွဲရိုက်နိုင်တဲ့ 50mm 50MP ကင်မရာ နဲ့ Ultrawide ရိုက်ကူးနိုင်မယ့် 14mm 50MP Lens တို့ သုံးထားပါတယ်။
Snapdragon 8 Plus Gen 1 chipset သုံးထားတာ ဖြစ်လို့ အရင်ကထက် စွမ်းဆောင်ရည် ၁၀% တက်လာပြီး ပါဝါသုံးစွဲမှု ၃၀% လျှော့ချနိုင်စွမ်း တက်လာတယ်လို့ ဆိုပါတယ်။ Screen Size နဲ့ Display အရည်အသွေးမှာ Pro မော်ဒယ်ဟာ High-End အကျဆုံး Xiaomi 12s Ultra နဲ့ အတူတူပါပဲ။ Screen Size ၆.၇၃ လက်မ 120Hz LTPO 2K AMOLED Display ပါရှိပြီး ဘက်ထရီပါဝါ 4600mAh သုံးထားပါတယ်။ အားသွင်းစနစ်ပိုင်းမှာ 120W Fast Charging နဲ့ 50W Wireless Charging စနစ်တို့ အထောက်အပံ့ပေးထားပါတယ်။
Android 12 စနစ်အခြေခံ MIUI 13 နဲ့လာပြီး အနိမ့်ဆုံးမော်ဒယ် 8/128GB ဗားရှင်းကို ယွမ် ၄၇၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။