MWC 2020 မှာ ကြေညာသွားဖို့ ရှိပါတယ်

စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ တရုတ် Benchmarking ဆော့ဖ်ဝဲလ် AnTuTu မှာတော့ Realme ရဲ့ နောက်ထွက်လာမယ့် Flagship ဖုန်းဟာ အမြင့်ဆုံးစံချိန်တင် ရမှတ်ရတဲ့ ဖုန်းအဖြစ် ဖော်ပြထားပါတယ်။

Android Authority ဟာ AnTuTu က တင်ထားတဲ့ စံချိန်တင် score အကြောင်း screenshot တစ်ခု ရထားပါတယ်။ ဒီ screenshot ထဲမှာ Realme RMX2071 ကုဒ်နဲ့ ဖုန်းဟာ AnTuTu ရဲ့ benchmarking score သမိုင်းမှာ အမြင့်ဆုံး ရမှတ်ဖြစ်တဲ့ ၅၇၄၉၈၅ မှတ် ရထားတယ်လို့ ဖော်ပြထားပါတယ်။




Photo: Android Authority

Realme RMX2071 ရဲ့ benchmark score ဟာ သူ့အရင်က အမြင့်ဆုံး scrore အဖြစ် AnTuTu မှာ မှတ်တမ်းဝင်ထားတဲ့ ရမှတ် ၅၆၀၂၁၇ မှတ်ထက်ကို ကျော်ဖြတ်သွားတာပါ။ Realme RMX2071 ရဲ့ score မတိုင်ခင် တင်ထားတဲ့ AnTuTu ရဲ့ အမြင့်ဆုံး score ဟာ MWC 2020 မှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ထားတဲ့ Xaiomi Mi 10 ရဲ့ score ဖြစ်ပါတယ်။

AnTuTu မှာ လက်ရှိ Total score အမြင့်ဆုံး ဖုန်းကတော့ ROG Phoen 12 (RAM 12GB/512GB storage) ဖြစ်ပြီး စုစုပေါင်း ရမှတ် ၅၀၆၈၃၂ မှတ် ရထားတာပါ။ Xiaomi Mi 10 နဲ့ Realme ရဲ့ flagship ဖုန်းသစ်တို့ဟာ Snapdragon 865 Processor နဲ့ Adreno 650 GPU သုံးသွားမယ်လို့ သတင်းထွက်ထားပါတယ်။ Realme RMX2071 ဖုန်းသစ်ကိုလည်း ဖေဖော်ဝါရီမှာ ကျင်းပမယ့် MWC 2020 မှာ ကြေညာသွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Realme RMX2071 ဟာ Realme X50 Pro 5G နာမည်နဲ့လည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ ဒီဖုန်းဟာ မကြာခင်က မိတ်ဆက်ထားတဲ့ Realme X50 5G ကို upgrade လုပ်ထားတဲ့ ဗားရှင်းအဖြစ် မြင်ရမှာ ဖြစ်ပြီး Realme X50 5G အတိုင်း 120Hz refresh rate display အမြင့်ကို သုံးသွားမယ်လို့ ဆိုပါတယ်။

ကျောဘက်မှာ ကင်မရာလေးလုံးတွဲစနစ်ကိုပဲ သုံးထားပြီး 108MP ကင်မရာကို primary lens အဖြစ် သုံးသွာားဖို့ ရှိပါတယ်။ Realme X50 5G ဟာ အနိမ့်ဆုံးဗားရှင်းကို ၂၄၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၂ သောင်းခန့်) ဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး Pro ဗားရှင်းရဲ့ ဈေးနဲ့ ဖုန်းအကြောင်း အချက်အလက်တွေကိုတော့ စောင့်ကြည့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က