Belt and Road ဟာ Transsion ကို ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်စေမလား

One Belt One Road စီမံကိန်းတစ်လျှောက် ဖြတ်သွားတဲ့ နိုင်ငံပေါင်း ၆၄ နိုင်ငံဟာ Transsion Holdings ရဲ့ ဈေးကွက်ဖြစ်လာတော့မှာပါ။

         တရုတ်နိုင်ငံ ရှန်းကျင့်အခြေစိုက် Transsion ကို စမတ်ဖုန်းဈေးကွက်မှာ သိတဲ့သူ နည်းပါတယ်။ ဒါပေမယ့် ဒီဖုန်းရဲ့ brands တွေ ဖြစ်တဲ့ Tecno Infinix နဲ့Itel တို့ဟာ အာဖရိကမှာ အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဝေစု ရထားတဲ့ ဖုန်းအမှတ်တံဆိပ်တွေလည်း ဖြစ်ပါတယ်။ Tecno ဟာ ဟောင်ကောင်အခြေစိုက် Transsion ကုမ္ပဏီရဲ့ brand တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံဈေးကွက်ထဲ ဝင်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။



Photo: qz.com

         IDC ရဲ့ အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း Samsung နဲ့Huawei တို့လို နာမည်ကြီး brands တွေဟာ အာဖရိကမှာ ဈေးကွက်ဝေစု ၂၂.၆% နဲ့၉.၉% စီ ရထားချိန်မှာ Transsion brands တွေဟာ ၅၈.၇% အထိ ရထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် Transsion ရဲ့ စမတ်ဖုန်းတွေဟာ အာဖရိကတိုက်ရဲ့ အကြီးဆုံး ဈေးကွက်တွေ ဖြစ်တဲ့ နိုင်ဂျီးရီးယား ၊ တောင်အာဖရိကနဲ့အီဂျစ်တို့မှာ ရောင်းအားကောင်းနေပါတယ်။

         Transsion ဟာ feature ဖုန်းတွေလို့ဆိုရမယ့် တန်ဖိုးနည်း Spec အနိမ့် ဖုန်းတွေကို အဓိကထား ရောင်းချနေတာ ဖြစ်ပါတယ်။ ဖုန်းတန်ဖိုးအနေနဲ့၆၅.၉၅ ယွမ် (၁၀ ဒေါ်လာ) ပဲ ပျမ်းမျှ ရှိပြီး စမတ်ဖုန်းအနေနဲ့ပျမ်းမျှဈေးနှုန်းဟာ ၄၅၄.၃၈ ယွမ် ( မြန်မာငွေ ၁ သိန်းကျော်) ဈေးပဲ ရှိတာကြောင့် Apple ရဲ့ တန်ဖိုးကြီးမော်ဒယ် iPhone တွေရဲ့ ပျမ်းမျှဈေးနှုန်းရဲ့ ၅% ပဲ ရှိနေတာပါ။ Transsion ဟာ အာဖရိကမှာ ပထမဆုံး စက်ရုံတည်တဲ့ မိုဘိုင်းဖုန်းကုမ္ပဏီ ဖြစ်ပြီး ၂၀၁၁ ခုနှစ်က အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အက်ဒစ်အက်ဘာမှာ စက်ရုံဖွင့်လှစ်ခဲ့ပါတယ်။

Photo: getdroidtips

         လက်ရှိမှာ တရုတ် ၊ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ချ်မှာလည်း စက်ရုံတွေ ရှိပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဝန်ထမ်းပေါင်း ၁၄၀၀၀ ကျော် ရှိထားတာပါ။ Transsion Holdings အနေနဲ့နောက်ထပ် ပစ်မှတ်ထားတဲ့ ဈေးကွက်ကတော့ Belt and Road countries တွေ ဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ Belt and Road Initiative မှာ မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ ဘရူနိုင်းလိုမျိုး အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် ဥရောပအရှေ့ပိုင်းမှ ချက်သမ္မတနိုင်ငံ ၊ ဘူဂေးလ်ရီးယား စသည်ဖြင့် နိုင်ငံပေါင်း ၆၄ ခု ပါဝင်ပြီး ဒီနိုင်ငံတွေဟာ ကမ္ဘာ့ GDP တစ်ခုလုံးရဲ့ ၃၀% ကျော် ထုတ်လုပ်နေတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။

         ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ Belt and Road နိုင်ငံတွေဟာ ကမ္ဘာ့ လူဦးရေရဲ့ ၆၂% နေထိုင်ရာလည်း ဖြစ်ပြီး Transsion အနေနဲ့IPO ခွဲပြီးတာနဲ့စက်ရုံများ ၊ သုတေသနနဲ့ဖွံ့ဖြိုးရေး ၊ ထုတ်ကုန်သစ်များ ထုတ်လုပ်ရေးအတွက် ယွမ် ၃ ဘီလျံ ရင်းနှီးမြှပ်နှံဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က