ခရီးသွားယာဉ်တွေ အန္တရာယ်ဖြစ်ဖွယ် အနှောင့်အယှက် အတားအဆီးတွေ မပြုလုပ်ဖို့လည်း ညွှန်ကြားထားတာပါ။

အစိုးရဌာနဆိုင်ရာတွေအနေနဲ့ တာဝန်အရ အမြန်လမ်းပေါ်မှာ တားဆီးဖမ်းဆီးရေးတွေ ပြုလုပ်လိုပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကို အသိပေး အကြောင်းကြားရမယ်ဆိုပြီး ဇွန်လ ၁၄ ရက်နေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

Photo - Myo Than Tun (ယာဉ်တစ်စီးကို ဆူးချွန်တွေပစ်နေသည့်ဆိုပြီး ပြည်သူတစ်ဦးပေးပို့လာသည့်ဓာတ်ပုံ)

တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး သတင်းရရှိရင် သက်ဆိုင်ရာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသိပေးအကြောင်းကြားရမှာ ဖြစ်ပါတယ်။

အခုလို သတိပေးချက် ထုတ်ပြန်ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမြန်လမ်းပေါ်မှာ Alphard ကားတစ်စီးအောက်ကို ဆူးချွန်တွေ ပစ်ပြီး ကားမှောက်အောင် ကြံစည်နေတယ်ဆိုတဲ့ တာဝန်သိပြည်သူတစ်ဦးသတင်းပေးချက်အရ အမြန်လမ်းမကြီးတပ်ဖွဲ့ဝင်တွေ က ဖြစ်စဉ် အမှန်ပေါ်ပေါက်ရေးအတွက် လှည်းကူးမြို့နယ် သစ်တော ဦးစီးဌာနမှူး ဦးတင်ထွဋ်ထွ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းရာ ဇွန်လ ၁၃ ရက် မနက် ၆ နာရီခန့်မှာ နေပြည်တော်ကနေ ရန်ကုန်ဘက်ကို သစ်တွေ တင်ဆောင်လာတယ်ဆိုတဲ့ သတင်းအရ မသင်္ကာဖွယ် Alphard ကားတစ်စီးကို တားဆီးရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွသွားရောက်စုံစမ်းရာ အဆိုပါကားမှာ နေပြည်တော်ကနေ ရန်ကုန်ဘက်ကို သစ်တွေ တင်ဆောင်လာတယ်ဆိုပြီး သတင်းရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါသတင်းအရ မသင်္ကာဖွယ်ရာ Alphatd ယာဉ်ကို (၄) မိုင် (၂) ဖာလုံအနီး လမ်းဖြတ်ကနေ ကွေ့ပြီး ရန်ကုန်-နေပြည်တော်ဘက်ကို ပြန်လှည့်ပြေးတာကြောင့် လမ်းရှိ သစ်တောဝန်ထမ်းပိတ်ဆို့ရေး အဖွဲ့ ကနေ (၁၅) မိုင် အနီးမှာ တစ်ကြိမ် (၁၈) မိုင် အနီးမှာ တစ်ကြိမ် သံဆူးလိပ်ပစ်ချဖမ်းဆီးဆောင်ရွက်ခဲ့ပေမယ့် Alphard ယာဉ်က လွတ်သွားတယ်လို့ သိရပါတယ်။

အဆိုပါ သံဆူးကြိုးပစ်ချမှုတွေကြောင့် အမြန်လမ်းပေါ် သွားလာနေကြတဲ့ အခြားယာဉ်တွေ မတော်တဆဖြစ်နိုင်တာကြောင့်မလိုအပ်ဘဲ အမြန်လမ်းမကြီးမှာ ခရီးသွားယာဉ်တွေ အန္တရာယ်ဖြစ်ဖွယ် အနှောင့်အယှက် အတားအဆီးတွေ မပြုလုပ်ပါရန်နဲ့ တာဝန်အရ ပိတ်ဆို့တားဆီးဖမ်းဆီးရေး ဆောင်ရွက်ပါက သက်ဆိုင်ရာ ဌာနဝတ်စုံနဲ့ တာဝန်ရှိသူပါရှိစေရန် ညှိနှိုင်းအသိပေးပြောကြားထားတယ်လို့ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က