“ကီပါက အရန်ခုံမှာ ထိုင်နေပြီး ကျွန်တော့်ကို အကောင်းဆုံး ပံ့ပိုးပေးနေနိုင်ခဲ့ပါတယ်။ အတွေ့အကြုံ ကောင်းတွေကိုလည်း သူသင်ယူနိုင်ခဲ့ပါပြီ”
စပါးကို အနိုင်ရခဲ့တဲ့ပွဲမှာ နည်းပြ ဆာရီက အာဂျင်တီးနား ဂိုးသမား ကာဘယ်လာရိုကို ပွဲထုတ်အသုံးပြုခဲ့ပြီး ကီပါကိုတော့ ပြီးခဲ့တဲ့ပွဲက စည်းကမ်းမလိုက်နာမှုကြောင့် အရန်ခုံပို့ထားတာ တွေ့ရပါတယ်။ ဒီအချိန်မှာတော့ ကာဘယ်လာရိုက အသက် ၂၄ နှစ်အရွယ် ဂိုးသမား ကီပါကို အတွေ့အကြုံတွေကို အကောင်းဆုံး လေ့လာနိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။
နည်းပြ ဆာရီကလည်း ပွဲမတိုင်ခင်ကတည်းက ကီပါကို အရန်ခုံပေါ်ပို့ပြီး တစ်ဖွဲ့လုံးကို သတိပေးလိုက်တယ်လို့ ပြောထားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဂိုးသမား ကာဘယ်လာရိုက - “ ပေးဂိုးမရှိပွဲတစ်ပွဲကို ကစားခွင့်ရတာ တစ်ကယ်ကို စိတ်ကျေ နပ်စရာပါပဲ၊ ဒီမတိုင်ခင်က ကျွန်တော်တို့ အရင်နေ့က အကြောင်းတွေ ပြောနေကြတယ်၊ သတင်းကောင်းကတော့ ဘာမှ မဟုတ်ဖူးဆိုတာပါပဲ၊ ဒီနေ့မှာ ကီပါက ကျွန်တော့်ကို အကောင်းဆုံး ပံံ့ပိုးမှုပေးတယ်၊ သူအတွေ့အကြုံကောင်းတွေကို လေ့လာနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့လည်း လေ့လာနိုင်ခဲ့ပါပြီ။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ တိုးတက်လာနေပါတယ်။” လို့ BT SPORT ကို ပြောသွားပါတယ်။
ဒါ့အပြင် ပွဲထွက်ဖမ်းခဲ့တဲ့ ဂိုးသမား ကာဘယ်လာရိုကိုလည်း နည်းပြ ဆာရီက - “ သူက အတွေ့အကြုံရင့် ဂိုးသမား တစ်ဦးပီပီ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ကွင်းတွင်းကွင်းပြင် ကျွန်တော်တို့အတွက်အရေး ပါတဲ့ ကစားသမားတစ်ဦးပါ။” လို့ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ လာမယ့် ရက်သတ္တပတ်မှာ ဖူဟမ်နဲ့ ကစားဖို့ ရှိပြီး ကာဘယ်လာရိုကိုသာ ဆက်လက် အသုံးပြုဖို့ရှိနေတယ်လို့လည်း Goal.com က ခန့်မှန်းထားပါတယ်။