အေသင်ချိုဆွေဟာ သမီးလေးနဲ့အတူ ဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေရတဲ့အချိန်မှာ ဖြစ်ပြီးခဲ့ပြီးသား အချစ်ရေး အကြောင်းတွေကြောင့် ပျော်ရွှင်မှုတွေ မပျက်စီးစေချင်ဘူးလို့ဆိုပါတယ်။
Photo: Athen Cho Swe
အေသင်ချိုဆွေဟာ ရည်းစားဟောင်းနဲ့ ၄ နှစ်ကြာ အတူနေခဲ့တာကိုလည်း ပရိသတ်သိအောင် ပွင့်ပွင့်လင်းလင်း ပြောပြထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းတွေကို တရားဝင်သတင်းဌာနမဟုတ်တဲ့ မီဒီယာတွေက မကြာခဏဖော်ပြနေကြတာကြောင့် နောင်တစ်ချိန်သမီးလေးကို ထိခိုက်သွားမှာ စိုးရိမ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
" အခု ကလေးက အရွယ်မရောက်သေးဘူး ။သူ အရွယ်ရောက်တဲ့ အထိ တင်နေရင် ဘယ်လိုလုပ်မလဲ။ သူတို့ဘာတင်တင် ဂရုစိုက်နေတာတော့မဟုတ်ဘူး။ဒါပေမယ့်ကလေးအတွက် ကြည့်ရမယ်။ အနုပညာအလုပ်လုပ်ဖို့တော်တော်လေးစဉ်းစားရတယ်။အမှန်အတိုင်းပြောရရင် လုပ်ကိုမလုပ်ချင်တော့ဘူး။အောင်မြင်လည်းအောင်မြင်ပြီးပြီ ဆိုတော့ မအောင်မြင်ချင်တော့ဘူး။ဘဝကို အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းလေးပဲ ဖြတ်သန်းချင်တော့တယ်" လို့ ဆိုပါတယ်။
Photo: Athen Cho Swe
အေသင်ချိုဆွေက လက်ရှိပိုင်ဆိုင်ထားတဲ့ သူမရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့အချိန်မှာ မကြာခဏ ဝေဖန်တိုက်ခိုက်သူတွေနဲ့ ကြုံနေရတယ်လို့ဆိုပါတယ်။ သူမကိုယ်တိုင် ပြန်မတွေးချင်တော့တဲ့ အချစ်ရေးအကြောင်း တွေကို သတင်းလုပ်ရေးနေကြတာလည်း မလုပ်သင့်တော့တဲ့အရာပါလို့လည်း သူက ပြောပါတယ်။
"ပြီးသွားတဲ့ကိစ္စတွေကလည်းပြီးသွားပြီ။ အခုအချိန်မှာ လူကောင်းတစ်ယောက်လို ကောင်းကောင်းမွန်မွန် နေနေတာလေ။ပြောရမယ် ဆိုရင် မိန်းကလေးဖြစ်တဲ့အတွက် ကိုယ့်မှာနစ်နာတာတွေလည်းအများကြီးပဲ။ သူတို့တွေလည်းကိုယ့်ကို ဘာမှ လာပြီးလုပ်ပေးနေတာလဲမဟုတ်ဘူး။ ကိုယ်လည်းပိုပြီး စိတ်ထိခိုက်ရတယ်။ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့အ ကြောင်းက ဟုတ်နေသည့်တိုင်အောင် ပြီးသွားပြီ လေ။အခုမှ ထပြီးတင် နေတော့ရောဘာထူးမှာလဲ... စိတ် တွေရှုပ်ပြီးမိုက်ရိုင်းတာတွေ ပြောမိမှာ စိုးလို့်Facebook ကိုမသုံးတော့တာ။ ကိုယ်ကျိုးအတွက်သူများကိုချမနင်းနဲ့လေ။ ဒါ အင်မတန်ငရဲကြီးတဲ့အလုပ်ပါ"ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါသေးတယ်။
Photo: Athen Cho Swe
အေသင်ချိုဆွေက အခုချိန်မှာ သမီးလေး Ivy နဲ့ အတူ အေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်နေတယ်လို့ Duwun Media ရဲ့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမဟာ တခြားကလေးတွေ ပျော်သလို မပျော်ခဲ့ရတဲ့ သမီးလေးအတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောပါတယ်။ Ivy လေး အရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူမနဲ့ သမီးလေးရဲ့ အကြောင်းတွေကို ပြန်ပြောပြဖို့လည်း စိတ်ကူးထားတယ်လို့ သူက ဆိုပါတယ်။
Photo: Athen Cho Swe
အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။