နိုင်ငံတကာက အနုပညာရှင်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်တဲ့။

ဝတ်မှုံရွှေရည်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Award ဆုပေးပွဲကို တက်ရောက်ရင်း နိုင်ငံတကာက အနုပညာနဲ့ပတ်သက်တဲ့အတွေ့အကြုံ အသစ်တွေ ရခဲ့တယ်လို့ ဆိုပါတယ်။

Photo: Wutt Mhone Shwe Yi



ဝတ်မှုံရွှေရည်ကတော့ Asian Academy Creative Award ပွဲကို တက်ရောက်တဲ့အချိန်မှာ သူမရဲ့ အနုပညာခြေလှမ်းတွေအတွက် အတွေ့အကြုံသစ်တွေ ရခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံခဲံတာကြောင့် အနုပညာနဲ့ပတ်သက်တာတွေ ဗဟုသုတရခဲ့တယ်လို့ ဆိုပါတယ်။

“ကစ် ရဲ့ အနုပညာသက်တမ်း မှာနောက်ထပ် အမှတ်တရ လေးတခု အတွေ့အကြုံ သစ်လေးတွေကို ဒီ Asian Academy Creative Award ပွဲကြီးကိုတက်ရင်းနဲ့ ရရှိခဲ့ပါတယ်။ အာရှနိုင်ငံအသီးသီးက အနုပညာရှင် တွေ အတတ်ပညာရှင် တွေ တွေ့ကြဆုံကြရင်း ဗဟုသုတတွေ ကိုယ့်နိုင်ငံက ရုပ်ရှင်လောကအကြောင်း ကိုယ် nomination ဝင်တဲ့ ကားတွေမှာ ဘယ်လို ကြိုးစား ခဲ့ရ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတာတွေကို တစ်ဦးစီ Panel Dicussion Session လေးပြုလုပ် ဖလှယ်ကြရင်းနဲ့ ပျော်စရာအတွေ့အကြုံသစ် တွေအများကြီးနဲ့ နေ့လေးတစ်နေ့ပါပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Award ဆုချီးမြှင့်ပွဲမှာလည်း လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actress ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမဟာ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူတစ်ယောက်ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ကဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က