အနုပညာမောင်နှမတွေက စိတ်မကောင်းဖြစ်လို့နေပါတယ်။

ရေဗက္ကာဝင်းက အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရပ်နားလိုက်ပြီ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ တရားဝင်ကြေညာလိုက်ပါတယ်။

Photo ; ရေဗက္ကာဝင်း

ဂီတလောကမှာ အောင်မြင်မှု ရရှိနေတဲ့ အဆိုတော် ရေဗက္ကာဝင်းက ရှေ့ဆက်ပြီး အနုပညာအလုပ်တွေကို လုပ်သွားမှာ မဟုတ်တော့ဘူးလို့ တရားဝင်ကြေညာလိုက်ပါပြီ။ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ဧပြီ (၃) ရက်နေ့ ညပိုင်းက ယခုလို ပြောသွားခဲ့တာပါ။

“ကျွန်မရဲ့ အနုပညာလုပ်ငန်းနှင့် လှုပ်ရှားမှုများအားလုံးအပြီးတိုင် ရပ်နားလိုက်ပြီဖြစ်ပါသောကြောင့် ကျွန်မကို အနုပညာရှင်(သို့) အနုပညာသမားဟု လုံးဝ(လုံးဝ) ခေါ်ဝေါ်သုံးနှုန်း အသိအမှတ်ပြုခြင်း မပြုလုပ်ကြဖို့ရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်။ နောက်နောင် ကျွန်မရဲ့ကျန်ရှိနေသော နေ့ရက်များအတွက် သာမာန်ပြည်သူတစ်ယောက်အဖြစ်သာ နေထိုင်သွားမှာဖြစ်ပြီး ကျွန်မရဲ့ အနုပညာသည်ဘဝကို အပြီးတိုင်စွန့်လွှတ်နေထိုင်သွားမည်ဖြစ်သောကြောင့် ကျွန်မ အနုပညာအမည်ဖြစ်သော ရေဗက္ကဝင်းအမည်ကိုပင် ခေါ်ဝေါ်သုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်.” ဆိုပြီး သူမက ပြောခဲ့တာပါ။

Photo ; ရေဗက္ကာဝင်း

အနုပညာလောကထဲက ထွက်သွားတဲ့ ရေဗက္ကာဝင်းအတွက် ပရိသတ်တွေရော၊ အနုပညာမောင်နှမတွေ အားလုံးက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

ရေဗက္ကာဝင်းဟာ အနုပညာလောကထဲကနေ ထွက်သွားခဲ့သလိုပဲ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ကိုလည်း ဆက်လက်သုံးစွဲတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျွန်မအခုအချိန်ကနေ နောက်ထပ် 24နာရီပြည့်တဲ့အချိန်ကစပြီး FB သုံးခြင်းရပ်နားပါပြီရှင်။ကျွန်မကို ဆက်သွယ်ချင်ရင် ဖုန်းကနေတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။ ကျွန်မ group chat အသီးသီးက ထွက်သွားတာ မည်သူကြောင့် မည်သည့်ပြဿနာကြောင့်မှ မဟုတ်ဘဲ FB ဆက်လက်မသုံးစွဲတော့တာဖြစ်တဲ့အတွက်သာ ဖြစ်ပါတယ်ရှင်” ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

Photo ; ရေဗက္ကာဝင်း

ကချင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ ရေဗက္ကာဝင်းကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူမရဲ့ သီချင်းတွေဟာ ပရိသတ်တွေကြားထဲမှာ အချိန်အတော်ကြာ နေရာယူထားနိူင်တဲ့သီချင်းတွေလည်းဖြစ်ပါတယ်။

 

Share

က္က