ဆရာဝန်အလုပ်ကို ရွေးချယ်လိုက်တာပါ။

Music Video တွေကနေတဆင့် ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ သရုပ်ဆောင်နေခြည်လင်းလက်က အခုချိန်မှာ ဆရာဝန်တစ်ယောက်အဖြစ်နဲ့သာ အလုပ်တွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။ သူမဟာ အနုပညာအလုပ်အပေါ် ထားတဲ့ ဆန္ဒကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: W



တစ်ချိန်က သရုပ်ဆောင်လောကမှာ ပရိသတ်အချစ်တွေ ရယူနိုင်ခဲ့တဲ့ သရုပ်ဆောင် နေခြည်လင်းလဲ့ကတော့ ဆရာဝန် တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေတယ်လို့ဆိုပါတယ်။ အနုပညာအလုပ်နဲ့ ဆရာဝန်အလုပ် နှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ဖို့ ကြုံလာတဲ့အချိန်မှာ ရွေးချယ်လိုက်တဲ့ အလုပ်ပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ကိုယ်က အနုပညာအလုပ်တွေလည်း လုပ်နေတဲ့လူ ဆေးကျောင်းက ဘွဲ့ရတဲ့အချိန်မှာတော့ ဆေးကောင်စီက ခေါ်ပြောတယ် အလုပ် ၂ ခုထဲက တစ်ခုပဲ လုပ်ရမယ်ဆိုပြီးတော့ ရွေးတဲ့အချိန်မှာ ညီမက ဆရာဝန်ဘက်ကို ရွေးလိုက်တော့ အဲဒီတုန်းကတည်းက ဆရာဝန်ပဲလုပ်ဖြစ်နေတာပါ။ ဆေးကျောင်းတက်ရင်း အနုပညာအလုပ်တွေ လုပ်နေရတုန်းက တစ်ချိန်ချိန်မှာ အခုလို ရွေးရမယ်ဆိုတာ သိနေခဲ့တယ်။ ဆရာဝန်အလုပ် လုပ်ဖြစ်မယ်ဆိုတာလည်း သိနေတယ်။ ဒါပေမယ့် တကယ်တမ်း ရွေးရမယ့်အချိန်မှာ တော်တော် ခက်ခဲခဲ့ပါတယ်။ စိတ်ညစ်ခဲ့ရတဲ့ အချိန်တွေလည်းရှိပါတယ်” လို့ ဆိုပါတယ်။

Photo: Nay Chi Lynn Lei

နေခြည်လင်းလဲ့ဟာ သူမရဲ့ မိသားစုတွေကတော့ ဆရာဝန်တစ်ယောက်အဖြစ်ရပ်တည်တာမျိုးကို ပိုသဘောကျတယ်လို့ ဆိုပါတယ်။ ဒီအလုပ်ကို ကိုယ်တိုင်ကလည်း ဝါသနာပါတယ်လို့ ပြောပါတယ်။

“ အိမ်က မိသားစုတွေကလည်း ကိုယ်ကြိုက်တာ ရွေးလို့ရအောင် ခွင့်ပြုထားပါတယ်။ ဒါပေမယ့် သူတို့က ဆရာဝန်အလုပ်လေးနဲ့ ဖြစ်စေချင်တယ်ပေါ့နော်။ ကိုယ်ဆရာဝန်ဖြစ်ချင်တာ ဘာကြောင့် ဖြစ်ချင်တာလဲ ဆိုတာတွေလည်း တွေးခဲ့တာတွေ အများကြီးရှိတာပေါ့နော်။ ထွေထွေထူးထူး ဖုန်းဆက်မိတာမျိုးတော့ မရှိပါဘူး” လို့ သူကဆိုပါတယ်။

သူမဟာအနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်ဖို့ အခွင့်အရေး မရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိ ဆရာဝန် တစ်ယောက်အဖြစ်နဲ့ လုပ်နေတဲ့ အလုပ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

“အခုချိန်ထိတော့ စည်းမျဉ်းကတော့ ဒီအတိုင်းပဲ။ ဆမ ယူထားရင် အနုပညာအလုပ်လုပ်လို့မရဘူး။ အကယ်၍ နှစ်ခုစလုံး လုပ်ခွင့်ပေးတယ်ဆိုရင်တော့ အရင်တုန်းကလိုမျိုး ပြန်မြင်ရမှာပါ။ အခုတော့ ILBC ကျောင်းက ကလေးတွေကို ဆေးကုပေးနေပါတယ်”  ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့က Roslyn ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: W

နေခြည်လင်းလဲ့ ကိုတော့ အဆိုတော် ရဲလေးရဲ့ သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် တီဗီကြော်ငြာတွေလည်းရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ ချစ်စရာကောင်းတဲ့ မျက်နှာလေး၊ ဆံပင်ရှည်ရှည်လေးနဲ့ အနေအေးတတ်တဲ့ ပုံစံလေးတွေက မိန်းကလေးဆန်လွန်းတဲ့ သူမရဲ့ အလှကို ပိုပြီးတော့ သတိထားမိစေပါတယ်။ အခုဆိုရင်တော့ အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ၁၅ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က