အနုပညာအလုပ်လုပ်နေရရင်ကို ကျေနပ်နေသူပါ။

ကိုဗစ်ကာလအတွင်းမှာ အနုပညာလှုပ်ရှားမှုတွေ နားထားရတဲ့ လူရွှင်တော် မျောက်ရှုံးက ပရိသတ်တွေအတွက် 5 stars entertainment Page ကနေ ဟာသဗီဒီယိုလေးတွေ တင်ပေးနေတယ်လို့ ဆိုပါတယ်။

Photo : 5 stars

အနုပညာကို ရူးသွပ်လွန်းတဲ့ လူရွှင်တော် သရုပ်ဆောင် ‌မျောက်ရှုံးကတော့ ပွဲတွေ နားထားရတာတောင် ပရိသတ်တွေအတွက် သူတတ်ကျွမ်းတဲ့ အနုပညာအလုပ်နဲ့ ဖျော်ဖြေနေသူ ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်းမှာ အခြားစီးပွားရေးကို မလုပ်တတ်ပေမယ့် သူတတ်ကျွမ်းတဲ့အနုပညာနဲ့ 5 stars entertainment Page ကနေ ဟာသဗီဒီယိုလေးတွေ တင်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဒီကာလမှာကတော့ ဘာအလုပ်မှလည်းမရှိဘူး။ဒါပေမယ့် အနုပညာသမားဆိုတာ တစ်ခုခု လုပ်နေရမှ အဆင်ပြေမှာဆိုတော့ မရှိတာရှိတာ အသာထား အနုပညာတစ်ခုခု လုပ်နေရင်းနဲ့ငတ်နေတာကို သိပ်သဘောကျတာ။ အွန်လိုင်းမှာ 5 stars entertainment ဆိုပြီး ပေ့ချ်လည်းဖွင့်ထားတယ် အဲ့မှာ ပရိသတ်တွေကို ပျော်ရွှင်အောင်ဟာသလေးတွေ တင်ဆက်ပေးတယ်။တစ်ခါတစ်ခါ အိတ်စိုက်ရတာ ရှိပေမယ့် စပွန်ဆာတွေကလည်း ထောက်ပံ့ပေးပါတယ်”လို့ သူက Duwun ကိုပြောပါတယ်။

Photo : 5 stars

ကိုဗစ်ကာလအတွင်းမှာ အခြားသော အနုပညာရှင်တွေက မိသားစု စားဝတ်နေရေးအတွက် စျေးရောင်းတာတွေလည်း ရှိလို့နေပေမယ့်လည်း သူကတော့ ဘာမှမလုပ်တတ်တာကြောင့် စျေးတော့ မရောင်းဖြစ်ဘူးလို့ ပြောပါတယ်။ ဒီကာလအတွင်းမှာ စျေးရောင်းနေရတဲ့အနုပညာရှင်တွေအနေနဲ့ကလည်း မဖြစ်သာလို့ စျေးရောင်းနေကြတာဖြစ်ပြီး ဘယ်အနုပညာရှင်ကမှ စျေးရောင်းချင်တဲ့သူမရှိဘူးလို့ သူက ဆိုပါတယ်။

“သူတို့က လုပ်နိုင်တယ် ကျွန်တော်တို့က မလုပ်တတ်တာ မရောင်းတတ်ဘူး စားတတ်တယ်။ တစ်သတ်လုံးရောင်းပါဆို မရောင်းဘူး။ အခိုက်အတန့်လေးမို့ ရှိတဲ့အတတ်ပညာ လေးနဲ့ မဖြစ်နိုင်လို့သာ လုပ်နေရတာ ဘယ်အနုပညာရှင်သမားမှ စျေးမရောင်းချင်ဘူး။ဒါကျွန်တော်ရိုး သားစွာပြောတာ အနုပညာသမားဆိုကလည်းက ဆိုမလား ကမလား တီးမလား ဒါတွေပဲ လုပ်ချင်တာ အခုလိုအခြေအနေမျိုးမှာ မိသားစု စားဝတ်နေရေး ထိန်းတဲ့အနေနနဲ့လုပ်တာ ရေရှည်ဆို ဘယ်သူမှ မလုပ်ဘူးကျွန်တော်တို့လည်း အထောက်အပံ့လေးနဲ့ သွားနေရလို့ ကျွန်တော်ဆို ဆိုက်ကားနင်းသင့် နင်းရမှာဘဲ “ လို့ သူကဆိုပါတယ်။

Photo : 5 stars

မျောက်ရှုံးကိုတော့ 5 Stars လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့တာဖြစ်ပြီး 5 stars အဖွဲ့ဟာ အရမ်းကို အောင်မြင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ ယခုလက်ရှိ မိုးရာသီအချိန်မှာ ပွဲတွေမရှိတော့ပေမယ့်လည်း ပရိသတ်တွေအတွက် 5 stars Entertainment Page ကနေ ဗီဒီယိုတွေ တင်ပေးပြီး သူတို့ရဲ့ ပရိသတ်တွေကို ပျော်အောင် တင်ဆက်ပြသနေတာလည်း တွေ့ရပါတယ်။ မျောက်ရှုံးဟာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်နေရပါပြီ။

 

Share

Loading Next Article...
က္က