သားနဲ့သမီးလေးကို အချိန်ပေးဖြစ်နေပါတယ်။

“မအူဝဲ၊ မသက်မွန်တို့လို ပရိသတ်တွေရဲ့ ရင်ဘက်ထဲ စွဲနေရတဲ့ နေရာတစ်နေရာ မရခဲ့ဘူး လို့ ထင်တယ်၊ အောင်မြင်မှုကို သုံးသပ်ရမယ်ဆိုရင်၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိလို့ ကိုယ့်ရဲ့  Roll ကိုလည်း မသတ်မှတ်ချင်ဘူး” လို့ သူမက ဆိုပါတယ်။

 

သားလေးနဲ့ သမီးလေးကို အချိန်ပေးပြီး မိသားစုဘဝလေးမှာ ပျော်ရွှင်နေတဲ့ သရုပ်ဆောင် သဥ္ဇာနွယ်ဝင်းကတော့ ပရိသတ်တွေရဲ့ အချစ်ကို အခုချိန်ထိ ရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ အိမ်ထောင်ပြုပြီးချိန်ကတည်းက ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ဝေးကွာနေပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာကနေ တစ်ဆင့် ပရိသတ်တွေနဲ့ ထိတွေ့နေသလို ကြော်ငြာ အနည်းစုလည်း လက်ခံ ရိုက်ကူးဖြစ်နေသူပါ။  


အနုပညာကို အရမ်းဝါသနာ ပါခဲ့တဲ့ သူမဟာ အိမ်ထောင်ပြုပြီး မိခင်တစ်ယောက်ရဲ့ တာဝန်တွေကို တာဝန်ယူနေရတဲ့ အချိန်မှာတော့ အရင်လိုမျိုး အနုပညာအလုပ်တွေ အများကြီး ပြန်မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

“ဇာတ်ကားတွေကတော့ သဥ္ဇာ့အနေနဲ့ ပြန်မရိုက်တော့ပါဘူး။ အခုလောလောဆယ်ကြောငြာလေးတွေ တစ်ခုနှစ်လောက်တော့ ရိုက်ပေးဖြစ်တယ်။ ကားရိုက်ကျတော့ အရမ်းအချိန်ပေးရတယ် ဆိုတဲ့ ကိုယ့်အတွက်ကြောင့်လည်း တခြားကို အ‌နှောက်အယှက် မဖြစ်စေချင်ဘူး၊ အခုဆိုရင် သဥ္ဇာက ကလေးနှစ်ယောက် ကျောင်းတက်နေပြီဖြစ်တော့ကလေးတွေ အတွက် ထမင်းချိုင့် ထည့်တာက အစ သဥ္ဇာ လုပ်ပေးတာဆိုတော့ ရှုတင်သွားဖို့ အချိန်မရှိဘူးဖြစ်သွားတာပေ့ါ။ အဲ့ဒါကြောင့် အနုပညာအလုပ်ကတော့ ဆက်လုပ်သွားဖို့ မရှိပါဘူး။ ခင်ပွန်းအနေနဲ့ကတော့ သဥ္ဇာ့ အလုပ်နဲ့ ပတ်သက်ပြီး မပြောဘူး သဥ္ဇာ အဆင်ပြေမယ်ဆိုရင် လုပ်ပေ့ါ၊ ကိုယ်ကိုတိုင်လည်း ကလေးတွေကို အချိန်ပေးချင်တာ၊ပြီးတော့ ကိုယ့်ရဲ့ စီးပွားရေးလည်း တစ်ဖက် ဖြစ်နေလို့ အနုပညာအလုပ်ကို ဆက်မလုပ်ဖြစ်တော့တာပါ” လို့ သူမက ဆိုပါတယ်။

Photo : thinzar nwewin

အနုပညာသက်တမ်း(၇)နှစ်ကျော် ကာလအတွင်းမှာ ကျရာ ရုပ်ဇာတ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ သဥ္ဇာနွယ်ဝင်းကတော့ သူမလျှောက်ခဲ့တဲ့ အနုပညာလမ်းခရီးနဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ခဲ့ပါသေးတယ်။

“သဥ္ဇာအနုပညာလုပ်ခဲ့ကာလအတွင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ခဲ့တယ်။ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီး ရိုက်ခဲ့တယ်ပေ့ါနော် ဒါပေမယ့် သဥ္ဇာ့ရဲ့ အောင်မြင်မှု တစ်ခုက ပြောရရင် ပရိသတ်တွေရဲ့ ရင်ဘက်ထဲမှာ လုံးဝ စွဲနေတဲ့ နေရာတစ်နေရာ မရခဲ့ဘူး။ အခုဆို မအူဝဲတို့၊ မသက်မွန်တို့ဆိုရင် ပရိသတ်တွေရဲ့ အရှေ့ကို မရောက်လာပေမယ့်လည်း သူတို့ရဲ့ အနုပညာတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ ရောက်နေတယ်။ သူတို့မပေါ်လာချင်နေ ရင်ထဲမှာ ရှိကိုရှိတယ်၊ သဥ္ဇာတို့မှာ လုပ်ခဲ့တဲ့ အချိန်နဲ့ လုပ်ခဲ့တဲ့ ဇာတ်ကွက်တွေက အရမ်းလည်း မစုံသေးဘူး ပရိသတ်ကို အရမ်းကောင်းတာမျိုးတွေ ချပြခဲ့တာ နည်းတယ်၊ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာအခိုင်အမာ မရပ်တည်နိုင်ခဲ့ဘူး။အောင်မြင်မှုနဲ့ ပြောမယ်ဆိုရင်တော့ ငါးဆယ်လောက်ပဲ ရခဲ့တယ်ထင်တယ်။ ဂိတ်ဆုံးထိ မရောက်ခဲ့တာကြောင့် ကိုယ့် Roll ကို သတ်မှတ်မယ် ဆိုရင်တော့ မပြောပြတတ်ဘူး အကောင်းဆုံး လုပ်ခဲ့တယ်။ အဲ့အတွက် အောင်မြင်မှုလည်း အထိုက်အလျောက် နေရာတစ်နေရာရခဲ့တယ်‌ပေ့ါ အဲ့လောက်ပဲ ထင်တယ်” လို့ သူမက ပြောပါတယ်။

Photo : thinzar nwewin

သဥ္ဇာနွယ်ဝင်းဟာ လက်ရှိမှာ သာယာတဲ့မိသားစု ဘဝလေးကို ထူထောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့်နဲ့ အိမ်ထောင်သက်တမ်း (၆) နှစ်မှာ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားကာ ကိုယ်ပိုင်စီးပွားရေးကိုလည်း ဦးဆောင်လျက် ရှိပါတယ်။

သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေက ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရပါသေးတယ်။

Share

Loading Next Article...
က္က