အိမ်စီးပွားရေးနဲ့ ပညာရေးကိုပဲ ဦးစားပေးနေသူပါ။

အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာ ဝေးကွာနေပြီဖြစ်တဲ့ သရုပ်ဆောင် ပပဝင်းခင်က ဘာတွေလုပ်ဆောင်ဖြစ်နေလဲဆိုတာကို ပြောပြခဲ့ပါတယ်။ 

အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာ ဝေးကွာခဲ့တဲ့သရုပ်ဆောင်ပပဝင်းခင်က လတ်တလောမှာ စိန်ဆိုင်ကြော်ငြာအချို့နဲ့ ပိုးထည်ဆိုင်ကြော်ငြာတို့အတွက် ဓာတ်ပုံအချို့ရိုက်ကူးခြင်းတွေကိုဂလုပ်ဆောင်နေခဲ့ပြီး အနုပညာအလုပ်တွေကို အခွင့်အရေး ရရင်ရသလို လုပ်ဆောင်ချင်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ 

"ပပက အနုပညာအလုပ်တွေထက် အိမ်ရဲ့စီးပွားရေးနဲ့ ပြင်သစ်Master ဘွဲ့တစ်ခုအတွက် စာတွေနဲ့ လုံးပန်းနေတာက ပိုများပါတယ်။ အနုပညာအလုပ်တွေကိုတော့လွမ်းပါတယ်။ အခုလည်း ကြော်ငြာအချို့ ကမ်းလှမ်းတာမျိုးရှိရင် လုပ်ဖြစ်နေပါတယ်။" လို့ပပဝင်းခင်က အနုပညာအလုပ်တွေနဲ့ဝေးကွာနေရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ 


Photo-Pa Pa Win Khin

ငယ်ငယ်က ပုံစံလေးအတိုင်း လှပနုပျိုနေဆဲ ပပဝင်းခင်ကို အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်စေချင်တယ်လို့ သူငယ်ချင်းဖြစ်သူ စည်သူမောင်ကလည်း ဆိုပါတယ်။ 

"ပပကို အနုပညာအလုပ်တွေ ပြန်လုပ်စေချင်တယ်။ ပပက အရင်အတိုင်းနုပျိုနေဆဲ ၊ ကိုရီးယားမင်းသမီးလေးလိုပဲ၊ ဝိတ်လည်းထိန်းထားနိုင်တယ်ဆိုတော့ သူ့ကိုအနုပညာအလုပ်တွေ ပြန်လုပ်စေချင်သလို တစ်ဖက်မှာလည်း သူက ပညာရေးကိုအားစိုက်နေတော့ အဲဒီလိုလေးကလည်း ကောင်းတာပဲလေ။ အနုပညာအလုပ်က ပင်ပန်းတော့လုပ်လည်း လုပ်စေချင်သလို သိပ်လည်း မလုပ်စေချင်ဘူး" လို့ စည်သူအောင်က ပြောပြခဲ့ပါတယ်။

Photo-Pa Pa Win Khin

သရုပ်ဆောင်ပပဝင်းခင်ကတော့ အနုပညာလောကထဲမှာ နှစ်ပေါင်းအတော်ကြာရပ်တည်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တာနဲ့အတူ သူမရဲ့ နာမည်တစ်လုံးကိုလည်း အပျက်အစီးအထိအခိုက်မရှိ ဘယ်လိုမျိုးထိန်းသိမ်းနေထိုင်ခဲ့တယ်ဆိုတဲ့ မေးခွန်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ 

"ဘယ်ပွဲပဲသွားသွား ဘယ်ရှုတင်ပဲဖြစ်ဖြစ် ဖေဖေနဲ့မေမေက ပပနောက် အမြဲတမ်းလိုက်ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း အမှားနည်းအောင်နေတယ်။ ပပကိုယ်တိုင်ကလည်း အနေအေးတာလည်း ပါပါတယ်။ မိဘတွေကတော့ သူတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံပေါ်မူတည်ပြီးတော့ ပြောပြတာပေါ့။ ပပကတော့ အဓိကအဖေဘာပြောချင်လဲ၊ အမေဘာပြောချင်လဲနားထောင်တယ်ပေါ့နော်။ များသောအားဖြင့် ဆန္ဒတွေကလည်း ကိုက်ညီပါတယ်။ အဖေတို့အမေတို့ကလည်းခေတ်ရေစီးကြောင်းကို လိုက်မှီတာမျိုးလည်းရှိတော့ အဆင်ပြေပါတယ်" ဆိုပြီး သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ 


Photo- Pa Pa Win Khin

သရုပ်ဆောင်ပပဝင်းခင်ကတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်ပေမယ့်လည်း သူမရဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင် ဖေ့ဘွတ်အကောင့်ကနေ အမြဲတမ်းအဆက်အသွယ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ အသက်၃၀ ကျော်အရွယ် ရောက်နေပေမယ့်လည်း အမြဲတမ်းနုပျိုလှပနေတာကြောင့်လည်း ပရိသတ်အချစ်ကို ယနေ့တိုင်ရရှိနေတဲ့မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ 

Photo- Pa Pa Win Khin

သရုပ်ဆောင်ပပဝင်းခင်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှုရရှိထားသူတစ်ဦးဖြစ်ပြီး အခုချိန်ထိလည်း သူမရဲ့ပရိသတ်တွေက ဇာတ်ကားတွေ ပြန်ရိုက်ဖို့ တောင်းဆိုနေတာမျိုးလည်းရှိပါတယ်။ စီးပွားရေးအလုပ်တွေနဲ့ ဘာသာရေးအလုပ်တွေမှာ ပျော်ရွှင်နေသူတစ်ဦးဖြစ်ပြီး သူမရဲ့အစ်ကိုဖြစ်သူ သရုပ်ဆောင်ကျော်ရှိန်းကလည်း မိသားစုစီးပွားရေးတွေမှာ ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်။




Share

Loading Next Article...
က္က