၂၀၁၅ခု နှစ်ကတည်းက အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာပါ။

အဆိုတော်ရဲလေးရဲ့ သီချင်း MTV တွေဖြစ်တဲ့ "ရင်ခုန်သံစကား​​လေးတစ်ခွန်း" " ကိုယ့်ရဲ့ကွက်လပ်" သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုတွေ ရရှိခဲ့ဖူးတဲ့ သရုပ်ဆောင်နေခြည်လင်းလဲ့က တော့ အနုပညာလောကထဲကနေ ပျောက်ကွယ်သွားရတဲ့အကြောင်းတွေကိုပြောပြလာပါတယ်။ 

အနုပညာအလုပ်​တွေထက် ဆေးကျောင်းသူဘဝကို ရွေးချယ်လိုက်တဲ့အတွက် သရုပ်ဆောင် လောကနဲ့ ကင်းကွာသွားခဲ့တာ ဖြစ်ကြောင်း သူက အခုလို ပြောပါတယ်။

"ဘွဲ့ရပြီးတော့ ဆေးကောင်စီက ညီမတို့ကိုခေါ်ပြီးမေးတယ်။ ဆမ ယူမှာလား မဟုတ်ရင် အနုပညာအလုပ်တွေ ဆက်လုပ်မှာလား တစ်ခုပဲမေးတယ်။ အဲ့ဒါက ၂၀၁၄ ဆို တော့ ၂၀၁၅ ပတ်ချာလည်ကစပြီး ပရိသတ်နဲ့ဝေးသွားတာပေါ့နော်။ နောက်ပိုင်း ဆိုရှယ်မီဒီယာခေတ် ဖြစ်သွားတော့ Facebook မှာဓာတ်ပုံတွေ တင်တယ်။ ပွဲဖိတ်တာလေးတွေ တက်ဖြစ်တယ်။ ဒီလောက်ပါပဲ" လို့ နေခြည်လင်းလဲ့က အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ရတဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ 

Photo- Nay Chi Linn Lae FB

သူမအနေနဲ့ အနုပညာအလုပ်နဲ့ ဆေးကျောင်းအလုပ်အကြား ရွေးချယ်ရတာ အရမ်းခက်ခဲတာမျိုး မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။ ဘွဲ့ရပြီးကတည်းက ဆရာဝန်လုပ်ဖို့ကိုသာ စီစဥ်ထားပြီးသားဖြစ်တယ်လို့လည်းဆိုပါတယ်။ 

"အနုပညာအလုပ် စလုပ်ကတည်းက ဆေးကျောင်းပြီးရင် ရွေးချယ်ခိုင်းမယ်ဆိုတာသိပါတယ်။ ဘွဲ့ရပြီးရင်တော့ ဆရာဝန်ပဲ လုပ်မယ်လို့ဆုံးဖြတ်ပြီးသားပါ။ ဒါပေမယ့် ကိုယ်ကနှစ်ခုစလုံးကို မြတ်မြတ်နိုးနိုး လုပ်ခဲ့တာဆိုတော့ ရွေးချယ်ရတော့ အရမ်းခက်ခဲတယ်။ ဒါကိုပဲ ရွေးချယ်မယ်လို့ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် အကြာကြီး ဆုံးဖြတ်ရ ခက်ခဲ့တာ​တော့မရှိပါဘူး" လို့ဆိုပါတယ်။ 

Photo- Nay Chi Linn Lae FB

လတ်တလောမှာတော့ ဘွဲ့ရပြီးကတည်းက ကျောင်းတစ်ခုက ကျောင်းဆေးခန်းမှာပဲ ဆရာဝန်ပြန်လုပ်ဖြစ်ပြီး မသန်စွမ်းကလေးတွေအတွက် Play Therapy ပေးတဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ 

နေခြည်လင်းလဲ့ကတော့ Follow Me ကြော်ငြာကနေတဆင့် အနုပညာလောကထဲကိုဝင်ရောက်ခဲ့သူဖြစ်ပြီး အဲ့ဒီ့ကနေတဆင့် အဆိုတော်ရဲလေး ရဲ့ ပထမဆုံးတေးအယ်လ်ဘမ် ဖြစ်တဲ့ "အိမ်" စီးရီးထဲက "ရင်ခုန်သံစကားလေးတစ်ခွန်း" သီချင်းလေးကြောင့် အောင်မြင်မှုတွေရရှိခဲ့ပြီး အဲ့ဒီ့နောက် ရဲလေးရဲ့"တတိယကာရန်" သီချင်းခွေ ထဲမှာ " ကိုယ့်ရဲ့ကွက်လပ်" သီချင်းတွေကြောင့်ပဲ ထပ်မံအောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာအလုပ်ထက် ဆရာဝန်အလုပ်ကိုသာဦးစားပေး ရွေးချယ် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က