၂၀၂၀ခုနှစ် Covid First Wave မှာ ဝိုင်းခြုံမ ဆိုင်လေးကို စတင် ရောင်းချ ခဲ့တာဖြစ်ပြီး အခုဆိုရင် ၂နှစ်နီးပါးပြည့်တော့မှာပဲဖြစ်ပါတယ်

ဒီတစ်ပတ် အတွက် မိတ်ဆက် ပေးချင်တဲ့ ဆိုင်ကောင်းလေး တစ်ဆိုင်ကတော့ မြောက်ဒဂုံမှာရှိပြီး အချိန်တိုလေးအတွင်း အောင်မြင်လာတဲ့ "ဝိုင်းခြုံမ " ဆိုတဲ့ အကြော်ဆိုင်လေး ပဲဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် Covid First Wave မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဆိုင်လေးဟာ လက်မလည်အောင် ရောင်းနေရပြီပဲဖြစ်ပါတယ်။ ဆိုင်လေးကို မသိ သေးတဲ့ သူတွေအတွက် Duwun Lifestyle ရဲ့ Food အစီအစဉ်က နေ "ဝိုင်းခြုံမ" ဆိုင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ 

"ဝိုင်းခြုံမ "ရာဇဝင် 

ဝိုင်းခြုံမ ဆိုတဲ့နာမည်လေးက တော့ နယ်မှာ သူမကို ခေါ်ကြတဲ့အိမ်ခေါ်နာမည် ဝိုင်းခြုံ မ ကိုပဲ ဆိုင်နာမည် ပေးထားတာပါ။ Covid First Wave မှာ ပဲ အလုပ်အကိုင် ပြတ်လပ်သွားမှုကြောင့်မိသားစု စီးပွားရေးလေး တစ်ခုကို စတင်ထူထောင်ဖို့ ကြိုးစားရင်းက ဝိုင်းခြုံမအကြော်ဆိုင်ဆိုပြီး ဖြစ်လာတာပဲဖြစ်ပါတယ်။ ရန်ကုန်မှာ အကြော်စုံ ကောင်းကောင်းလေးကို စားစေချင်တာကလည်း ဝိုင်းခြုံမရဲ့ စေတနာလို့ ပြောရမှာပါ။ 



၂နှစ်အတွင်း အောင်မြင်လာတဲ့ ဝိုင်းခြုံမ အကြော်ဆိုင် 

၂၀၂၀ခုနှစ် Covid First Wave မှာ ဝိုင်းခြုံမ ဆိုင်လေးကို စတင် ရောင်းချ ခဲ့တာဖြစ်ပြီး အခုဆိုရင် ၂နှစ်နီးပါးပြည့်တော့မှာပဲဖြစ်ပါတယ်။ ၂နှစ်အတွင်းမှာလည်းဆိုင်လေးကို လာရောက်အားပေးကြတဲ့ သူအများအပြားနဲ့ အခုဆိုရင် တစ်ရက် ကို ၃သိန်းဖိုးနဲ့ ၄သိန်းဖိုးကြား လက်မလည်အောင် ရောင်းနေရတဲ့ အကြော်ဆိုင်လေး ဖြစ်နေပါပြီ။" ဒီဆိုင်လေးကို လမ်းဘေးဆိုင် အဖြစ်ကနေ ဆိုင် အကြီး ဖြစ်အောင် ကြိုးစားချင်တာ အိပ်မက်တစ်ခုပါ။ ဆိုင်အပြင်အဆင်လေးကို နယ်အငွေ့အသက်လေးတွေ ရအောင်လည်း လုပ်ဖို့ ကြိုးစားနေပါတယ်။ မကြာခင် အကောင်အထည် ဖော်ဖို့လည်းကြိုးစားသွားမှာပါ " လို့ ဝိုင်းခြုံမ က ပြောပြပေးခဲ့ပါတယ်။ 

မိသားစု (၁၁) ယောက် ရဲ့ စုပေါင်းအင်အား

"ဝိုင်းခြုံမ" တို့ မိသားစု (၁၁) ယောက်လုံးကတော့ အကြော်ကြော်တဲ့သူက ကြော်၊ အကြော်ထည့်တဲ့သူကထည့်နဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း အလုပ်လုပ်ပြီး အောင်မြင်မှုတစ်ခုကို ရရှိလာတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဝိုင်းခြုံမဆိုင်ရဲ့ သက်တမ်းက တော့ ၂နှစ်နီးပါးတောင် ပြည့်တော့မှာ ဖြစ်ပြီး အချိန်တိုလေး အတွင်းမှာ အောင်မြင်မှုတစ်ခုကို ရရှိနေတာပဲဖြစ်ပါတယ်။ 

ဝိုင်းခြုံမ မှာ အညာ လက်ဖက် ကောင်းကောင်းလေးပါရရှိနေပါပြီ

အညာလက်ဖက် ကောင်းကောင်းချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ လက်ဖက ညွန့်လေးတွေကိုလည်းဝိုင်းခြုံမ မှာ ရောင်းချ ပေးနေပါပြီ။ လက်ဖက် အရသာ မြည်းစမ်းလိုသူတွေ အနေနဲ့ ကတော့ (၃၀၀၀) တန် အကြော်တဗန်း ဝယ်ယူရုံနဲ့ တစ်ခါစား လက်ဖက် ဘူးလေးကို လက်ဆောင် အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။ လက်ဖက် ဘူးကြီးတွေကိုလည်း မကြာခင်မှာရောင်းချပေးသွားမှာဖြစ်ပြီး အရသာရှိလှတဲ့ အကြော်စုံအပြင် အညာလက်ဖက် ကောင်းကောင်း လေးပါ တစ်ပါတည်းစားသုံးနိုင်ပါပြီ။ 

အကြော်အိုး(၃)အိုးနဲ့ တက်ညီလက်ညီကြော်နေတဲ့ အားတက်စရာမြင်ကွင်း

အကြော်စုံ တွေကို အိုး (၃) အိုးနဲ့ အပြိုင် ကြော်နေတာကလည်း မြင်ရသူအဖို့ အားရစရာပါပဲ၊ ဘယာကြော်၊ဘူးသီးကြော်၊ အရွက်ကြော်၊ပဲကြော်၊ မန္တလေးပဲကြော်၊ အစရှိတဲ့ အကြော်စုံ တွေကို အိုး (၃) အိုးနဲ့ ကြော်ကြတာက တော့ တကယ် ကို အားရစရာကြီးပါပဲ၊ ငှက်ပျောသီးကြော်ရင်လည်း ငှက်ပျောသီးကြော် ကိုအလုံးလိုက် ကြော်တာဖြစ်ပြီး ဈေးနှုန်းက တော့ (၃၀၀) ပဲဖြစ်ပါတယ်။ အကြော်(၄) ခုကို တော့ ငါးရာ ကျပြီး အကြော်စုံ တစ်ဗန်းကိုတော့ (၃၀၀၀) ကျပ်နဲ့ ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ ဝိုင်းခြုံမ ဆိုင်ကိုတော့ နေ့လည် ၁နာရီကနေ ညနေ ၆နာရီထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး မြောက်ဒဂုံ မှာရှိတဲ့ စစ်တောင်း City Mart ဘေးလမ်း တည့်တည့် ဝင်ရုံနဲ့ ဝိုင်းခြုံမ ဆိုင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က