"ဝမ်းရေးတစ်ထွာ" အကြော်စုံဆိုင်လေးမှာတော့
မကွေးတိုင်း၊ နက်မောက်မြို့ဖက်မှာ စားေလ့ရှိကြတဲ့ အညာဒေသက လက်ရာစစ်စစ်နဲ့ အကြော်မျိုးစုံကို ရောင်းချနေတဲ့ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်။
အညာဒေသကလက်ရာ
အညာဒေသရိုးရာအတိုင်း အညာ က မှာယူထားတာတွေကိုပဲ သုံးပြီး ရောင်းချတာပါ။ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ကုလားပဲစိမ်းမှုန့်တွေနဲ့ အညာမြေပဲဆီ စစ်စစ်ကို သုံးပြီး ကြော်ရောင်းတာလို့သိရပါတယ်။ အညာမှာစားကြတဲ့အတိုင်းရိုးရိုးသာေကြာ်ထားပြီးကော်မှုန့် မသုံးထားဘူးလို့လည်းသိရပါတယ်။
ဆိုင်လေးဖွင့်ဖြစ်ပုံ
ရန်ကုန် မှာ ဆိုင်ရှင်ရဲ့ဖခင်ကျန်းမာရေးကြောင့် ဆေးဝါးလာရောက်ပြသရင်း အညာကနေ ပြောင်းလာခဲ့ကြပြီး ရန်ကုန်မှာ မိသားစုရဲ့ စား၀တ်နေရေးနဲ့ ဆေးကုသစားရိတ် အတွက် အကြော်ဆိုင်အသေးလေးကို အိမ်ရှေ့မှာစဖွင့်ခဲ့တာဖြစ်ပါတယ်။အားပေးသူတွေများလာပြီး ရွာကိုတောင် အလည်တစ်ခေါက် မပြန်နိုင်အောင် ရောင်းကောင်းခဲ့မယ်လို့မထင်ခဲ့ဘူးလို့ ဆိုင်ရှင်က ေပြာပါတယ်။
ရနိုင်မယ့် အကြော်လေးတွေ
ရိုးရိုး စားနေကျအကြော်တွေအပြင် အသီးအရွက်ကြော်တွေပါ ရနိုင်ပြီး ဆူးပုတ်ရွက်ကြော်၊ ရုံးပတီသီးကြော်၊မျှစ်ကြော်၊မြင်းခွာရွက်ကြော်၊ခရမ်းသီးကြော်၊ငရုတ်ပွကြော်တို့ကတော့ ရန်ကုန် ရောက်မှ စကြော်ပြီး ရောင်းဖြစ်တာပါ။ နေ့လည်(၁)နာရီခွဲဆို အကြော်စုံစုံလင်လင် ရရှိနိုင်ပြီဖြစ်ပြီးတော့ ည(၇)နာရီခွဲလောက်ဆို ဆိုင်သိမ်းဖြစ်တယ် လို့သိရပါတယ်။
ဈေးနှုန်းနဲ့ရောင်းအား
တရက်ရောင်းအားကတော့ ငါးသိန်းကနေ ၈သိန်းကြား ရောင်းရတယ်လို့သိရပါတယ်။ဈေးနှုန်းတွေအနေနဲ့ကတော့ အကြော် ၃ ခုကို (၁၀၀၀) ကျပ်က စရှိပြီးအကြော်စုံ ပူပူသန့်သန့်လေးတွေကို ဈေးသက်သက်သာသာ ရရှိနိုင်ပါတယ်။
“ခုေလာက်ေတာင်မထင်ထားဘူး။တစ်နေ့ကို တစ်သိန်းကိုးသောင်းလောက်ပဲရောင်းရမယ်ထင်ခဲ့တာ၊ခုလိုဆိုတော့အဆင်ပြေတယ်။”လို့ဆိုင်ရှင်ကပြောပါတယ်။
လိပ်စာ
အကြော်စုံလေးတွေကို ဆီသန့်သန်နဲ့လက်ရာကောင်းကောင်း စားချင်သူတွေအတွက် “၀မ်းေရးတစ်ထွာ”အကြော်စုံဆိုင်လေးရဲ့
လိပ်စာကတော့ ကွင်းကျောင်းလမ်းမပေါ်၊ ဆင်လှလမ်းထိပ်၊ အလုံမြို့နယ်မှာဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်ရှင်။