ပီအက်စ်ဂျီက စိတ်ဝင်စားနေပြီလို့ ဆိုပါတယ်။

နေမာ၊ မက်ဆီနဲ့ ဟာကီမီတို့လို အဓိကကစားသမားတွေကို လက်လွှတ်ရဖွယ်ရှိနေတဲ့ ပီအက်စ်ဂျီဟာ အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက အိုဒီဂတ်အတွက် စုံစမ်းမှုတွေကို ပြုလုပ်နေပြီလို့လည်း သိရပါတယ်။ 

အိုဒီဂတ်ကတော့ ဒီရာသီမှာ အာဆင်နယ်အတွက် အထူးခြေစွမ်းပြခဲ့ပြီး အာတီတာရဲ့ ကွင်းလယ်ပိုင်းမှာ အဓိကအားထားရသူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးမှု၊ သွင်းဂိုး​၊ အသင်းကစားကွက်ကို ဦးဆောင်ပေးခဲ့မှုတွေကြောင့်လည်း အာဆင်နယ်က အမှတ်ပေးဖလားကို ဆွတ်ခူးဖို့ နီးစပ်တဲ့အထိ ဖြစ်ခဲ့ပြီး နော်ဝေသားက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တဦးအဖြစ် ရှိနေခဲ့ပါတယ်။ 

ပီအက်စ်ဂျီဘက်က စိတ်ဝင်စားနေပေမယ့်လည်း အာဆင်နယ်ကတော့ သူတို့အသင်းကွင်းလယ်ရဲ့ အသည်းနှလုံးကို ရောင်းချဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ အိုဒီဂတ်ကိုယ်တိုင်ကလည်း အာဆင်နယ်မှာ ပျော်ရွှင်နေပြီး အခြားကွင်းလယ်လူတဦးဖြစ်တဲ့ ရှာခါကို လက်လွှတ်ရမှာဖြစ်လို့ အာဆင်နယ်ကတော့ ထိန်းသိမ်းထားဖို့ကိုသာ သေချာပေါက် ကြိုးစားမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အာဆင်နယ်ဟာ သူတို့အသင်းမှာ ခြေစွမ်းပြနေတဲ့ အသင်းခေါင်းဆောင်တွေကိုဆိုရင် ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့တဲ့ မှတ်တမ်းကလည်းရှိနပြေီး ပီအက်စ်ဂ်ျီရဲ့ ငွေကြေးအများအပြားနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ််နိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ပြင်သစ်ချန်ပီယံကလပ်ဟာ လာမယ့်ရာသီမှာ အသင်းကို ပြုပြင်မှုတွေ အများအပြားပြုလုပ်သွားဖို့ ရှိနေပြီး နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့အတွက် ကြံစည်နေတာပါ။ 

Share

Loading Next Article...
က္က