ကမ္ဘာ့ဖလားအုပ်စုအဆင့်ရဲ့ အဆိုးရွားဆုံးအသင်းကို ရွေးချယ်ခဲ့ရာမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုတယောက် ပါဝင်သွားခဲ့ပါတယ်။ ကစားသမားတဦးချင်းစီရဲ့ စွမ်းဆောင်ရည်ပါ် မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်သလို အုပ်စုအဆင့်တွေမှာ မိနစ် ၆၀ နဲ့အထက် ကစားခဲ့ရတဲ့သူတွေကပဲ ရွေးချယ်ခဲ့တာလည်းဖြစ်တယ်လို့ Sofascore ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အုပ်စုအဆင့်ရဲ့ အညံ့ဆုံးအသင်းမှာတော့ ရော်နယ်ဒိုဟာ အာရှကစားသမားအများစုနဲ့အတူ ပါဝင်ခဲ့ပြီး ဒီလူစာရင်းမှာ ပါဝင်ခဲ့တဲ့ တဦးတည်းသော ဥရောပသားလည်းဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် အဖွင့်ပွဲမှာ ပင်နယ်တီကတဆင့် သွင်းဂိုးတဂိုးသာ ရယူထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ Rating သတ်မှတ်ချက်မှာတော့ 6.37 သာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အိမ်ရှင်ကာတာက ကစားသမား ၄ ဦး၊ ကော်စတာရီကာကစားသမား ၂ ဦး၊ ကနေဒါကစားသမား ၂ ဦး၊ ဩစတြေးလျက ၁ ဦး၊ ဆော်ဒီက ၁ ဦးနဲ့ ရော်နယ်ဒိုဖြစ်ပါတယ်။ ဒီလူစာရင်းမှာတော့ အာရှ၊ ကွန်ကာကပ်ဇ်ဒေသက ကစားသမားတွေလွှမ်းမိုးခဲ့ပြီး ရော်နယ်ဒိုတဦးတည်းသာ ဥရောပကစားသမားအဖြစ် ပါဝင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
အဆိုပါအသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေကတော့ -
ဂိုး - အီဆာဘာရှမ် (ကာတာ)
နောက်တန်း - အာမက် (ကာတာ)၊ ကယ်လ်ဗို (ကော်စတာရီကာ)၊ ဒူရာတေး (ကော်စတာရီကာ)၊ ဂျွန်စတုန်းစ် (ကနေဒါ)
လယ် - ဘူချာနန် (ကနေဒါ)၊ မယ်လ်ခီ (ဆော်ဒီ)၊ ဘူဒီယက်စ် (ကာတာ)၊ လက်ကီး (ဩစီ)
ရှေ့ - အလီ (ကာတာ)၊ ရော်နယ်ဒို (ပေါ်တူဂီ)
ရော်နယ်ဒိုရဲ့ ပေါ်တူဂီကတော့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပြီး ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုဟာ နောက်ထပ်အုပ်စုပွဲနှစ်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ပွဲထွက်ခွင့်ရပေမယ့် ဒုတိယပိုင်းဆိုရင်တော့ လူစားလဲခံနေရပါတယ်။
သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ။