လမ်းကြောင်းချောင်လို့ ဒီလိုမျိုး တက်လာတာလားလို့ မေးမြန်းခဲ့တာပါ။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အင်္ဂလန်တို့ အခုလိုမျိုး ယူရိုမှာ ဆီမီးအထိ ရောက်လာခဲ့တာက လမ်းကြောင်းချောင်လို့လားဆိုတဲ့ မေးခွန်းအပေါ် လှလှပပ တုံ့ပြန်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို နှစ်နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။



အင်္ဂလန်ဟာ ဒီနှစ်ယူရို အုပ်စုအဆင့်မှာ ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆာဘီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ အင်္ဂလန်တို့ အုပ်စုတွင်းမှာ နိုင်ပွဲတစ်ပွဲနဲ့ သရေနှစ်ပွဲကျခဲ့ပေမယ့် အုပ်စုပထမနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ရှုံးထွက် (၁၆) သင်းအဆင့်မှာလည်း ဆလိုဗက်ကီးယားကို မိနစ် (၁၂၀) ကစားပြီးမှ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ကွာတားဖိုင်နယ်မှာလည်း ခြေစွာနေတဲ့ ဆွစ်ဇာလန်နဲ့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ပြီးမှ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ အင်္ဂလန်တို့ နယ်သာလန်နဲ့ ရင်ဆိုင်ရမှာပါ။ အင်္ဂလန်ဟာ ဒီနှစ် ယူရိုမှာ နာမည်ကြီး ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ ပေါ်တူဂီတို့ကို ရှောင်လွှဲနိုင်ခဲ့ပြီး လမ်းကြောင်းချောင်တာကြောင့် ဒီအဆင့်ကို ရောက်လာတယ်လို့လည်း ပရိသတ်တွေက သုံးသပ်နေကြပါတယ်။

အဲ့ဒါကြောင့်လည်း ဂျာမနီ ဂျာနယ်လစ်က ဒီအတွက် မေးခွန်းထုတ်ခဲ့ပါတယ်။ ဆောက်ဂိတ်က “ကျနော်တို့ ကစားခဲ့တာကိုကြည့်လေ။ ကျနော်တို့ ဒီလိုမျိုး လမ်းကြောင်းချောင်တာက အုပ်စုဗိုလ်ဖြစ်ခဲ့လို့ပေါ့။ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်လိုက်ရင် အင်္ဂလန်ဟာ ဗိုလ်လုပွဲသွားတဲ့ လမ်းကြောင်းမှာ မတူညီတဲ့ လမ်းကြောင်းတွေရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အုပ်စုဗိုလ်မဖြစ်ခဲ့လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က