ကိုဗစ် Third Wave အရှိန်လျော့ကျသွားလို့ စိတ်သက်သာရာရခါစမှာပဲ အိုမီခရွန် ဆိုတဲ့နာမည်လှလှလေးနဲ့ ကိုဗစ်မျိုးကွဲသစ်က ကမ္ဘာကြီးကို နောက်တကြော့ခြိမ်းခြောက်လာပြန်ပါတယ်။ တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ ဒီမျိုးကွဲသစ်နဲ့ပတ်သက်လို့ သိပ္ပံပညာရှင်တွေက လေ့လာစူးစမ်းမှုတွေ၊ သုတေသနတွေ အသည်းအသန်ကြိုးပမ်း နေကြရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာလည်း ဒီမျိုးကွဲသစ်နဲ့ပတ်သက်လို့ အမျိုးမျိုးပြောဆိုနေကြတာကို အားလုံးပဲတွေ့ကြမှာပါ။ အဲဒီလိုပြောနေကြတဲ့အထဲမှာ အတွေ့ရအများဆုံးကတော့ ကိုဗစ်ဖြစ်ဖူးတဲ့သူတွေက အိုမီခရွန် ကူးစက်ခံရနိုင်ခြေပိုမြင့်တယ်ဆိုတာပါပဲ။ အဲဒီလိုပြောဆိုနေကြတာတွေက ဘယ်လောက်မှန်သလဲဆိုတာကို လေ့လာကြည့် ကြရအောင်။


ဒီမျိုးကွဲသစ်က ကိုယ်ခံစွမ်းအားကို ဘယ်လောက်လွယ်လွယ်ထိုးဖောက်ဝင်ရောက်နိုင်သလဲ

Photo: Proactive Inverstor

လက်ရှိအချိန်လေ့လာတွေ့ရှိထားရတဲ့အထောက်အထားတွေအရ အိုမီခရွန်ဟာ အရင်ကိုဗစ်မျိုးကွဲတွေထက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို ပိုပြီးလွယ်လွယ်ကူကူထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာကိုတွေ့ရှိထားရပါတယ်။ အရင်ကိုဗစ်မျိုးကွဲ တွေတုန်းက တစ်ခါကူးစက်ခံရပြီး ပျောက်ကင်းသွားတဲ့သူတွေဟာ ကိုယ်ခံစွမ်းအားရရှိသွားတာကြောင့် နောက်တစ်ကြိမ် ကူးစက်ခံရနိုင်ခြေနည်းသွားပါတယ်။ ဒါပေမဲ့ အိုမီခရွန်ကတော့ အရင်မျိုးကွဲတွေထက် ကိုယ်ခံစွမ်းအားကို ပိုပြီး လွယ်လွယ်ကူကူ ထိုးဖောက်ဝင်ရောက်နိုင်တာကြောင့် ကိုဗစ်ကူးစက်ခံရပြီး ကိုယ်ခံစွမ်းအားရရှိထားသူတွေမှာတောင် ပြန်လည်ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါကြောင့် ငါကကိုဗစ်ဖြစ်ပြီးသားပဲ ကိုယ်ခံစွမ်းအားရှိနေပြီဆိုပြီး စိတ်ချ၊လက်ချ နေလို့မရနိုင်တော့ပါဘူး။ ဒါပေမဲ့ ကိုဗစ်မဖြစ်သေးတဲ့လူတွေထက် ကိုဗစ်ဖြစ်ပြီးသားလူတွေက အိုမီခရွန်ကူးစက်နိုင်ခြေ ပိုများတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကိုဗစ်ဖြစ်ပြီးသား လူဖြစ်ဖြစ်၊ မဖြစ်ရသေးတဲ့လူပဲဖြစ်ဖြစ် ကူးစက်ခံရနိုင်တယ်လို့ ဆိုလိုတာပါ။

ဒါဆိုရင် ကာကွယ်ဆေးတွေကရော အစွမ်းထက်သေးရဲ့လား

Photo: The Independent

ဒီမျိုးကွဲသစ်က ကိုယ်ခံစွမ်းအားကိုထိုးဖောက်နိုင်တယ်ဆိုတော့ ကာကွယ်ဆေးထိုးထားရင်ရော ကာကွယ်နိုင်ပါဦးမလားလို့ စိုးရိမ်တကြီးမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ လက်ရှိအချိန်ထိကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ အကောင်းမြင်ထားပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေကို အိုမီခရွန်က အလွယ်တကူကူးစက်နိုင်တာမျိုး လက်ရှိအချိန်ထိမတွေ့ရသေးဘဲ ထိထိရောက်ရောက်ကာကွယ်နိုင်နေဆဲ ဖြစ်ပါတယ်။

အိုမီခရွန်ကူးစက်ခံရရင် အပြင်းအထန် ဖျားနိုင်ခြေ၊ သေဆုံးနိုင်ခြေ ဘယ်လောက်မြင့်သလဲ

Photo: NBC News

ဒီမေးခွန်းနဲ့ပတ်သက်လို့တော့ ပညာရှင်တွေဟာ တိတိကျကျဖြေဆိုနိုင်ဖို့ခက်ခဲနေဆဲပါပဲ။ ဒီမျိုးကွဲသစ်ဟာ ကူးစက်ပျံ့နှံ့တဲ့ အချိန်တိုသေးတာကြောင့် လိုအပ်သလောက် သုတေသနတွေလုံလုံလောက်လောက်မလုပ်နိုင်သေးလို့ပါ။ အစောပိုင်းလေ့လာ တွေ့ရှိချက်တွေအရတော့ အိုမီခရွန်ကြောင့် ခံစားရတဲ့ရောဂါလက္ခဏာတွေဟာ အရင်မျိုးကွဲတွေလောက် မပြင်းထန်တာကို တွေ့ရှိထားရပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကူးစက်ခံထားရသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ကိုဗစ်ဖြစ်နေမှန်းမသိဘဲ အနေအထိုင်မဆင်ခြင်ရာကနေ လူပိုများများဆီရောဂါပိုး ဖြန့်ဝေမိမယ့်အန္တရာယ် ရှိနေပါတယ်။

Ref: The Guardian 

Share

Loading Next Article...
က္က