အိုမီခရွန်မတိုင်ခင် အရင်ကိုဗစ်မျိုးကွဲတွေတုန်းက ကလေးငယ်တွေဟာ လူကြီးတွေထက်စာရင် ကိုရိုနာဗိုင်းရပ်စ်ကိုခုခံရာမှာ ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်တာကိုတွေ့ခဲ့ကြရပါတယ်။ ကိုဗစ်ကူးစက်ခံရရင်တောင် ရောဂါလက္ခဏာအပြင်းအထန်ခံစား ရနိုင်ခြေနည်းပြီး ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရတဲ့၊ ဆေးရတက်ရလောက်အထိဝေဒနာပြင်းထန်တဲ့ ၁၈ နှစ်အောက် အရေအတွက်ဟာ လူကြီးတွေနဲ့ယှဉ်ရင် ရာခိုင်နှုန်းအရ အတော်လေးနည်းခဲ့ပါတယ်။

Photo: Times of India

ဒါပေမဲ့ အခု အိုမီခရွန်မျိုးကွဲသစ်ကတော့ အရင်မျိုးကွဲတွေထက် ကလေးတွေကိုပိုဒုက္ခပေးနိုင်တယ်လို့ ပဏာမသုတေသန ရလဒ်တွေအရ ပညာရှင်တွေကယူဆလျက်ရှိပါတယ်။


တောင်အာဖရိကမှ လေ့လာတွေ့ရှိချက်

Photo: NY Post

တောင်အာဖရိကမှာ အိုမီခရွန်ပျံ့နှံ့ပြီးနောက် ကိုဗစ်ရောဂါလက္ခဏာ အလယ်အလတ်ကနေ ပြင်းပြင်းထန်ထန်ခံစားရ ပြီးဆေးရုံရောက်လာတဲ့ ကလေးတွေပိုပိုများလာတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။


အောက်ဆီဂျင်ပေးရတဲ့အထိ ရောဂါလက္ခဏာပြင်းထန်တဲ့ကလေးတွေ အတော်များများတွေ့ရပြီး အဲဒီကလေးတွေဟာ ရောဂါအခံရှိသူတွေလည်း မဟုတ်ဘူးလို့ တောင်အာဖရိကဆရာဝန်တွေက ပြောပါတယ်။


ဒါပေမဲ့လက်ရှိအချိန်အထိ ဒီဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးလူနာတော့မရှိသေးပါဘူး။


ကျွမ်းကျင်သူတွေရဲ့ တိုက်တွန်းချက်

Photo: DNA India

ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေက ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့နဲ့ ကလေးတွေအတွက် ကိုဗစ်ကာကွယ်ရေးအစီအမံတွေလုပ်ဆောင်ဖို့ အစိုးရတွေကို တိုက်တွန်းနေခဲ့တာကြာပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင်နိုင်ငံတော်တော်များများမှာ အသက် ၁၈ နှစ်အောက်ကလေးတွေအတွက် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေ မစတင်နိုင်သေးပါဘူး။

အခု တောင်အာဖရိကမှာ ကနဦးလေ့လာတွေ့ရှိချက်တွေအရ ကလေးတွေကို ကာကွယ်ဆေးထိုးမယ့်အစီအစဉ်တွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ ကျွမ်းကျင်သူတွေက ထပ်မံတိုက်တွန်းထားပါတယ်။

Ref: Times of India

Share

က္က