ဗီလာနဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ အဲဗာတန်တို့ပွဲမှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က ပြိုင်ဘက်တိုက်စစ်မှူး ဝက်ကင်စ်ကို လက်နဲ့ဝင်ရိုက်ခဲ့မိတာကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။ ဒီပွဲမှာ ဗီလာက အဲဗာတန်ကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒီရာသီ ပထမဆုံးနိုင်ပွဲကို ဒီရာသီ ပထမဆုံးအိမ်ကွင်းပွဲမှာ ရယူနိုင်ခဲ့ပါတယ်။



ဒီပွဲရဲ့ ပွဲကစားချိန် (၂၄) မိနစ်မှာတော့ အဲဗာတန်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒါက ပစ်ဖို့ဒ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ဖြစ်ခဲ့ပါတယ်။ လေထဲက ဘောလုံးကို တားဆီးဖို့ ကြိုးစားခဲ့တဲ့နေရာမှာ ပစ်ဖို့ဒ်ရဲ့လက်က ဝက်ကင်စ်ကို သိသိသာသာ ရိုက်မိခဲ့တာကြောင့်လည်း အခုလိုမျိုး ပင်နယ်တီပေးခဲ့ရတာပါ။

ဒီပင်နယ်တီကိုတော့ ဒေါက်ဂလပ်စ်လုဇ်က ကန်သွင်းပြီး ဗီလာတို့ ဒုတိယမြောက်ဂိုး ရရှိခဲ့သလို ပွဲအပြီးမှာလည်း လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရဲ့ ဂိုးပြတ်အနိုင်ထက် ပြောစရာပိုဖြစ်ခဲ့တာက ပစ်ဖို့ဒ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုပါပဲ။

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဝုလ်ဗ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်ဂိုးသမား အိုနာနာက ပြိုင်ဘက်ကစားသမားကို အလားတူ ပုံစံမျိုးနဲ့ နောက်ဆုံးမိနစ်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်ရော၊ VAR ရောက ပင်နယ်တီအဖြစ် မသတ်မှတ်ပေးခဲ့တာကြောင့် ဝုလ်ဗ်တို့ ပင်နယ်တီမရခဲ့သလို ချေပဂိုးနဲ့လည်း ဝေးခဲ့ရပါတယ်။

ဒီဆုံးဖြတ်ချက်က မှားယွင်းကြောင်း ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ်က ဝန်ခံတောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် အခု ပစ်ဖို့ဒ်အလှည့်မှာတော့ ပင်နယ်တီပေးခဲ့တာကြောင့် ပရိသတ်တွေက ပရီးမီးယားလိဂ်က ဒိုင်လူကြီးတွေရဲ့ စည်းမျဉ်း စည်းကမ်းပိုင်းနဲ့ ဆုံးဖြတ်ချက်တွေ တည်ငြိမ်မှုမရှိတာကို ထောက်ပြဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က