သားဖြစ်သူ ပါဝင်ကစားခွင့်ရခဲ့လို့ ဝမ်းသာမျက်ရည်ကျခဲ့တာပါ။

ယူနိုက်တက်လူငယ်အသင်းက ထွက်ပေါ်ခဲ့တဲ့ ဆားဗေ့ချ်ဟာ အသင်းကြီးအတွက် လုံး၀ကစားပေးဖူးခြင်းမရှိသူဖြစ်ပြီး သားဖြစ်ကတော့ ကစားခွင့်ရခဲ့တာကြောင့် ဒီအောင်မြင်မှုအတွက် မျက်ရည်ကျလုနီးပါး ခံစားသွားခဲ့ရပါတယ်။ 


ယန်းဘွိုင်းနဲ့ပွဲမှာ ယူနိုက်တက်နည်းပြရန်းဂ်နစ်ခ်က အဓိကကစားသမားတွေကို ချန်လှပ်ခဲ့ပြီး အရန်ကစားသမားတွေနဲ့ အကယ်ဒမီက ကစားသမားတွေကို နေရာပေးခဲ့ပါတယ်။ တဖက်တဂိုးစီသရေကျခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက်ရဲ့ လူငယ်ကစားသမားသစ်တွေအများကြီးကို မြင်တွေ့ခဲ့ရပြီး ရလဒ်ပိုင်းနဲ့ ခြေစွမ်းအရကလည်း လက်ခံနိုင်လောက်စရာအနေအထားရှိတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ပါတယ်။ 

ဒီပွဲမှာ ယူနိုက်တက်အတွက် ချာလီဆားဗေ့ချ်က လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ သူက အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး ဧပြီလကမှ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုထားတာပါ။ သူက ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ကွင်းလယ်လူဟောင်း ရော်ဘီဆားဗေ့ချ်ရဲ့ သားဖြစ်ပြီး ဖခင်လိုပဲ ယူနိုက်တက်လူငယ်စီမံကိန်းမှာ ပါဝင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ချာလီဆားဗေ့ချ်လူစားဝင်ကစားခွင့်ရခဲ့တဲ့နောက် ပွဲအပြီးမှာ BT Sport က ကွင်းအတွင်းကနေ အစီအစဉ်တင်ဆက်မှုလုပ်နေတဲ့ ရော်ဘီဆားဗေ့ချ်ကို သားဖြစ်သူနဲ့ ပတ်သက်ပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။ ယူနိုက်တက်လူငယ်အသင်းက ထွက်ပေါ်ခဲ့တဲ့ ဆားဗေ့ချ်ဟာ အသင်းကြီးအတွက် လုံး၀ကစားပေးဖူးခြင်းမရှိသူဖြစ်ပြီး သားဖြစ်ကတော့ ကစားခွင့်ရခဲ့တာကြောင့် ဒီအောင်မြင်မှုအတွက် မျက်ရည်ကျလုနီးပါး ခံစားသွားခဲ့ရပါတယ်။ 

"ကျွန်တော် မျက်ရည်ကျစတောင်ပြုနေပါပြီ၊ ဒီကောင်လေးက ငယ်ငယ်လေးကတည်းက အများကြီးအောင်မြင်ခဲ့တာပါ၊ ဖခင်တယောက်အနေနဲ့ ကျွန်တော်သူ့ဘေးမှာရှိနေတဲ့အချိန်ဆို ဒီကောင်လေးက သူ့အဖေလိုပဲ ဖြစ်လာမှာလို့ လူတွေက အလိုလိုတွေးတောခဲ့ကြပါတယ်၊ မဟုတ်ပါဘူး၊ သူက သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ကောင်လေးပါ၊ ငယ်ငယ်လေးနဲ့ သူ အောင်မြင်နေခဲ့ပါတယ်၊ ကျွန်တော် ဒီအတွက် အရမ်းပျော်တယ်ဗျာ" လို့ ဆားဗေ့ချ်က ပြောဆိုသွားခဲ့ပါတယ်။ 


Share

က္က