ဒီပွဲမတိုင်ခင်က အိုးထရက်ဖို့ဒ်မှာ ဘယ်ပရီးမီးယားလိဂ်ကစားသမားကမှ ယူနိုက်တက်ကို ဟက်ထရစ်မသွင်းယူနိုင်ခဲ့ဘဲ ဆာလာက ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ လီဗာပူးလ်အတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့ မိုဟာမက်ဆာလာဟာ ဘယ်ကစားသမားမှမလုပ်ပြနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကို ရရှိသွားခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်က အိုးထရက်ဖို့ဒ်မှာ ဘယ်ပရီးမီးယားလိဂ်ကစားသမားကမှ ယူနိုက်တက်ကို ဟက်ထရစ်မသွင်းယူနိုင်ခဲ့ဘဲ ဆာလာက ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဆာလာဟာ ပရီးမီးယားလိဂ်ပွဲ ၁၆၇ ပွဲသာ ကစားပေးထားတာဖြစ်ပြီး ဒရော့ဘာရဲ့ စံချိန်ကိုေ ကျာ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးအတွက် ၂ ဂိုးသွင်းယူမှုပါဝင်ခဲ့ပြီး လီဗာပူးလ်အတွက်တော့ ၁၀၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲကစားပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီးဖြစ်ပါတယ်။